
နေပြည်တော် စက်တင်ဘာ ၂၀
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံ များ ဆက်ကပ်လှူဒါန်းလျက်ရှိ သည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်ရှိ သရက်တော ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့နယ်ရှိ မြစကြ်ာကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရှိ ဓမ္မစေတီ(မွန်)ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တ ထောင်မြို့နယ်ရှိ မွန်ပရိယတ္တိ စာသင်တိုက်နှင့် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ သာသနာ့ဟိတ ပရိယတ္တိစာသင် တိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံ မြို့နယ်ရှိ ကျိုင်းလိတ်ကျောင်း တိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ မကွေးတိုင်းဒေသ ကြီး ပခုက္ကူမြို့နယ်ရှိ လေသာ တိုက်သစ်ကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်ရှိ ပြည်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာ ကုသိုလ်တော် ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်း ကျွန်းမြို့နယ်ရှိ အသောကသီတဂူ ကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်ချမ်း သာကျောင်းတိုက်နှင့် လားရှိုး မြို့နယ်ရှိ နမ့်ခိုက်ကျောင်းတိုက် တို့သို့ ဆန်ကြာဆံများကိုလည်း ကောင်း ဆရာတော်၊ သံဃာတော် များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်း ကြောင်း သိရသည်။
သတင်းစဉ်