
နေပြည်တော် နိုဝင်ဘာ ၁၉
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသား စုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ် မြေ လယ်ဝေးမြို့နယ်ရှိ သရက်တောကျောင်းတိုက်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ ရန်အောင်မြင်တိုက်သစ်ကျောင်းတိုက်၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ ပုဗ္ဗာရုံကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင် မြို့နယ်ရှိ ဇေယျာမြိုင်ကျောင်းတိုက်(ဝဲပုံ)၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ် ကျောင်းတိုက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ တုလွတ်စံကျောင်းတိုက်၊ မင်္ဂလာဒုံမြို့နယ်ရှိ သဲအင်းဂူကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ မဟာမြိုင် ကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နယ်ရှိ မဟာသုဒဿနာရာမကျောင်းတိုက်၊ မန္တလေး တိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မူလသစ်စိမ့်ကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ မဟာကုသိုလ်တော်ကျောင်းတိုက်၊ မွန် ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ နန္ဒဝန်ဥယျာဉ်ကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ပဒံပရိယတ္တိ စာသင်တိုက်နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အောင်မေတ္တာ ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်