ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော် စက်တင်ဘာ ၁၄


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း   အရာထမ်း၊   အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့   လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ      ဇမ္ဗူသီရိမြို့နယ်ရှိ မဟာဝိဇိတာရုံ   ပရိယတ္တိစာသင် တိုက်၊    စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ တိပိဋကာလင်္ကာရ သာမဏေကျော်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး    စမ်း ချောင်းမြို့နယ်ရှိ    လင်းလွန်းပင် ပရိယတ္တိစာသင်တိုက်၊    တောင် ဥက္ကလာပမြို့နယ်ရှိ မြင်သာမြို့ဦး ကျောင်းတိုက်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ   အောင်ရာဇာပရိယတ္တိ စာသင်တိုက်၊  လှိုင်မြို့နယ်ရှိ ရွာမ ကျောင်းတိုက်၊      ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ နမ့်ချပ်ကျောင်း တိုက်၊   ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ   မောင်းထောင် ကျောင်း   ပရိယတ္တိစာသင်တိုက် တို့သို့   ဆွမ်းဆန်တော် များကို လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး ပြည်မြို့နယ်ရှိ ဇောတိ ကာရုံပါဠိတက္ကသိုလ်၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ် ရှိ မဟာပညိန္ဒာရာမကျောင်းတိုက်၊    ပြည်ကြီးတံခွန်မြို့နယ်ရှိ မိုးကုတ် ရိပ်သာ(မြောက်) ကျောင်းတိုက်၊      မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တောင်ပေါ်ဣစ္ဆာသယ    ကျောင်း တိုက်၊          ရန်ကုန်တိုင်းဒေသကြီး     တောင်ဥက္ကလာပမြို့နယ်ရှိ    ငွေ ကြာရံ    ပရိယတ္တိစာသင်တိုက်နှင့်   ရှမ်းပြည်နယ်    တောင်ကြီးမြို့နယ်ရှိ အောင်အပ်နှံ   ကျောင်းတိုက်နှင့်   လားရှိုးမြို့နယ်ရှိ         မြို့လယ် ကျောင်းတိုက်တို့သို့ ဆန်ကြာဆံ များကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန် ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။

သတင်းစဉ်