ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော် လှူဒါန်း

 

နေပြည်တော်  ဇွန် ၁၁


ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက  မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများ သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

 


ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ  ပျဉ်းမနားမြို့နယ်ရှိ  ရတနာသိဒ္ဓိစာသင်တိုက်သို့လည်းကောင်း၊ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ ပညာတံခွန် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းသို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မဟာဝိသုတာရာမသာသနာ့ဗိမာန်ကျောင်းတိုက် သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာသုန္ဒရာ ရာမကျောင်းတိုက်သို့လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်ရှိ မာလာရာမပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊  ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ လယ်တီ ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊ သံဃာတော် များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။    

 

သတင်းစဉ်