
ရန်ကုန် ဧပြီ ၁၈
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံ မြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်သို့ သွားရောက် ၍ ကဆုန်လပြည့်ဗုဒ္ဓနေ့ ဂိုဏ်းပေါင်းစုံ သံဃာတော် ၁၁၁၁၁ ပါးတို့ဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်တော် နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲအခမ်းအနား ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
မြို့တော်ဝန်နှင့် အဖွဲ့သည် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူရာတွင် သံဃာတော်များ လိုက်ပါမည့် ယာဉ်များအတွက် ယာဉ်ဆင်းရပ်၊ ယာဉ်များ စောင့်ဆိုင်းမည့်လမ်းကြောင်း၊ သံဃာတော် များ နားနေရန်နေရာနှင့် ကြွချီမည့်လမ်းကြောင်း၊ ယာဉ်တက်ရပ် နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်ချက်တို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေး ကြောင်း သတင်းရရှိသည်။
သတင်းစဉ်