
နေပြည်တော် နိုဝင်ဘာ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရွာငံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိပြီး စာကြည့်တိုက်ဖွင့်လှစ်ဆောင်ရွက် နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပြန်ကြားရေးကဏ္ဍ မှ ပါဝင်ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဝန်ထမ်းများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဒေသဖွံ့ဖြိုးတိုးတက်ရန် သတင်းအချက်အလက်နှင့် အသိပညာ ဖြန့်ဝေရေးလုပ်ငန်းများသည် လွန်စွာအရေးကြီးကြောင်း၊ ပြည်သူ များအား မှန်ကန်သောသတင်းအချက်အလက်ဖြန့်ဝေရေးနှင့် အသိပညာ မြင့်မားအောင် ဆောင်ရွက်ရေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၏ အဓိကတာဝန်ပင်ဖြစ်ကြောင်း၊ ပြည်သူများအား အသိပညာဖြန့်ဖြူးပေးရန် စာကြည့်တိုက်များကို အခြေခံဆောင်ရွက် ရမည်ဖြစ်သဖြင့် စာကြည့်တိုက်များ၏ အသွင်သဏ္ဌာန်နှင့် ဝန်ဆောင်မှု လုပ်ငန်းများ ကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ကျောင်းသား ကျောင်းသူများနှင့် လူငယ် လူရွယ်များ စာကြည့်တိုက်ကို ဝင်ထွက်သွားလာစေရေးအတွက် ၎င်းတို့ ဖတ်ချင်သည့် စာအုပ်စာစောင်များကို စီစဉ်ထားရှိပေးရန် လိုအပ်ကြောင်း။
မှာကြား
ထို့ပြင် ကွန်ပျူတာသင်တန်းနှင့် အခြားအသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းများကိုလည်း စီစဉ်ဖွင့်လှစ်ပေးရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကျရာဒေသ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း ကူညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပွင့်လင်းစွာတင်ပြရန်နှင့် ဝန်ထမ်းအချင်းချင်း ချစ်ခင်စည်းလုံးစွာ နေထိုင်လုပ်ကိုင်ကြစေလိုကြောင်း၊ ယခုအခါ မသမာသူ အဖျက်သမားများသည် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အဖျက် အမှောင့်လုပ်ငန်းများ ဆောင်ရွက်နေကြသဖြင့် လုံခြုံရေးသတိ၊ လုံခြုံရေး အသိရှိရန် လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်တားဆီးကြရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက လူထုအခြေပြုဗဟိုဌာန (Community Centre)လုပ်ငန်းများကို စီစဉ် ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံသုံးခန်းမတည်ဆောက်ထားမှု အခြေ အနေနှင့် ပြည်သူလူထုအသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် မည့် အခြေအနေကို ရှင်းလင်းတင်ပြသည်။
အလှူငွေများ ပေးအပ်လှူဒါန်း
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရွာငံမြို့နယ်ရှိ အနန္တဇိန သမ္ဗုဒ္ဓေစေတီတော်ကြီး တည်ဆောက်နေမှုအခြေအနေများအား ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌက စေတီတော်ကုန်းတော်ပေါ်မှ ရွာငံမြို့၏ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ပင်းတယနှင့် ရွာငံမြို့တို့သည် သဘာဝအခြေခံခရီးသွား လုပ်ငန်းများအတွက် အခြေခံကောင်းများ တည်ရှိပြီးဖြစ်သဖြင့် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားလာစေရန် မီဒီယာ နည်းလမ်းများဖြင့် ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းစဉ်