ပြည်သူများ လာရောက်အပန်းဖြေနိုင်ရေး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)ကို အဆင့်မြှင့်တင်မည်

 

ရန်ကုန်    အောက်တိုဘာ  ၂၇


တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ အောက်တိုဘာ ၂၆  ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ရှိ အစည်းအဝေးခန်းမ၌   ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပွင့်လင်းရာသီရောက်တော့မည်          ဖြစ်ပါသဖြင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ  (ရန်ကုန်)၌ အများပြည်သူအားလပ်ရက်များတွင် ပြည်သူများ စိတ်ချမ်းသာစွာ  လာရောက်အပန်းဖြေနိုင်ရန်နှင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းများကို လာရောက်လေ့လာနိုင်ရန်အတွက် အစီအစဉ်သစ် များဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်ရမည်   ဖြစ်ပါ ကြောင်း၊ ကျေးရွာအတွင်း ကလေးကစားကွင်းများ၊ ကိုယ်ကာယလေ့ကျင့်ခန်းသုံး အားကစားပစ္စည်းများ တည်ဆောက်ပေးရမည်ဖြစ်ပါကြောင်း၊ Free Wifi များလည်း အမြန်ဆုံးတပ်ဆင်ပေးနိုင်ရန် မှာကြား လိုပါကြောင်း၊ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ကျန်းမာရေးဆိုင်ရာ   စည်းမျဉ်းစည်းကမ်းများနှင့် အညီ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု   အဆိုအက များ၊ ရုပ်သေး၊ မျက်လှည့်ပညာရှင်များ ဖိတ်ခေါ်ပြီး ဖျော်ဖြေပေးမည့်အစီအစဉ် ပြန်လည်ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ ကျေးရွာအတွင်း တိုင်းရင်း သားရိုးရာအစားအစာရောင်းချပွဲများ၊    လှေလှော် ပြိုင်ပွဲများ၊ လက်ဝှေ့ပြိုင်ပွဲများ စီစဉ်ကျင်းပသွားရ မည်ဖြစ်ပါကြောင်း၊ ပဲခူးမြစ်မှတစ်ဆင့် လာရောက် အပန်းဖြေနိုင်ရန်အတွက် ရေယာဉ်သင်္ဘောပြေးဆွဲ နိုင်ရေး  ဆိပ်ခံဗော  တည်ဆောက်သွားရမည်ဖြစ် ကြောင်း မှာကြားသည်။

 


ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် နှင့် ရန်ကုန်တိုင်းဒေသကြီး    တိုင်းရင်းသားရေးရာ ဝန်ကြီး   ဦးစောဂျက်ကော့ထူးတို့က  အမှာစကား ပြောကြားသည်။  ထို့နောက် ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ (ရန်ကုန်)  တာဝန်ခံအရာရှိ ဦးမျိုးဝင်းက လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်  ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်    ဦးဝင်းနိုင်က လည်းကောင်း ရှင်းလင်းတင်ပြပြီး   ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ  (ရန်ကုန်) ရှိ တိုင်းရင်းသားရိုးရာနေအိမ်များ၊ ဆိုင်ခန်းများဖွင့်လှစ် ရောင်းချနေမှု၊    ရှမ်းပြည်နယ်     ပြခန်းအတွင်းရှိ အင်းလေးကန်အတွင်း လှေလှော်ပြိုင်ပွဲကျင်းပပြုလုပ် နိုင်မည့်အခြေအနေ၊ သင်္ဘောဆိပ်ခံတည်ဆောက် မည့်နေရာ၊ ခြောက်ခန်းတွဲ တစ်ထပ်ဆောင် ဝန်ထမ်း အိမ်ရာ တည်ဆောက်ရေးလုပ်ငန်းနှင့်   ရတနာလမ်း ဝင်ပေါက်တို့ကို  လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ 

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ရန်ကုန်တိုင်းဒေသကြီးရှိ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး ၌ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး လိုအပ်သည်များ မှာကြား ကာ ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

သတင်းစဉ်