ပြည်သူလူထုသို့ အသိပေးကြေညာချက်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာများ ခံစားရခြင်း၊  ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းတို့ရှိပါက   အချိန်နှင့်တစ်ပြေးညီ (၂၄) နာရီပတ်လုံး   သတင်းပေးပို့ဆက်သွယ်စုံစမ်းနိုင်ရေးအတွက်   ခရိုင်အလိုက် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (RRT) များ  ဖွဲ့စည်းထားရှိပြီးဖြစ်ရာ အဆိုပါအဖွဲ့များ၏  အောက်ဖော်ပြပါ ဖုန်းနံပါတ် များသို့ သက်ဆိုင်ရာ ခရိုင်အလိုက် ဆက်သွယ်နိုင်ပါသည်။  
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးလိုသူများအနေဖြင့်လည်း အဆိုပါ ခရိုင်အလိုက် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များသို့  ဆက်သွယ်၍ သက်ဆိုင်ရာ   အရေးပေါ်တုံ့ပြန်ရေးအဖွဲ့များမှ    ချိတ်ဆက်ပေး သည့်   ဓာတ်ခွဲစစ်ဆေးသည့်နေရာများတွင်   နေ့စဉ်နံနက်  (၉)နာရီမှ   ညနေ (၄) နာရီအထိ  ပိတ်ရက်မရှိ   COVID-19 Rapid  Antigen Test (RDT) နည်းဖြင့်   ဓာတ်ခွဲစစ်ဆေးနိုင်ပါကြောင်း       အသိပေးအပ် ပါသည်။
ဓာတ်ခွဲစစ်ဆေးချက်အရ  ကိုဗစ်-၁၉ ရောဂါ  ပိုးတွေ့လူနာများအနက်  ဆေးရုံ/ကိုဗစ်-၁၉ ကုသရေးဌာနများတွင်  ကုသမှုခံယူရန်လိုအပ်သော လူနာများအတွက်လည်း ခရိုင်အလိုက် လူနာခုတင်စီမံခန့်ခွဲမှု ကော်မတီ (Bed Management Committee) များက ချိတ်ဆက်ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
တောင်ပိုင်းခရိုင်     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊    ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့   (RRT)  သို့   (၂၄)နာရီ   ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၆၇
၀၉ ၈၈ ၂၅၅၅၀၆၈
၀၉ ၈၈ ၂၅၅၅၀၆၉
မြောက်ပိုင်းခရိုင်  ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၇၁
၀၉ ၈၈ ၂၅၅၆၃၃၈
၀၉ ၈၈ ၂၅၅၆၃၄၀
အနောက်ပိုင်းခရိုင်    ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊    ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့(RRT) သို့ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၆၃
၀၉ ၈၈ ၂၅၅၅၀၆၄
၀၉ ၈၈ ၂၅၅၅၀၆၅
အရှေ့ပိုင်းခရိုင်   ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်    ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (RRT) သို့ (၂၄)နာရီ ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များ
၀၉ ၈၈ ၂၅၅၅၀၄၉
၀၉ ၈၈ ၂၅၅၅၀၆၁
၀၉ ၈၈ ၂၅၅၅၀၆၂            
ကျန်းမာရေးဝန်ကြီးဌာန