နေပြည်တော် ဇူလိုင် ၂၆
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်နက် ငယ်များဖြင့် ဖောက်ခွဲပစ်ခတ်ခဲ့သည့်အတွက် မုံရွာ - မန္တလေး ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးတွင် ပါလာသော အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည့် ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “စလင်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ဆရာ ဆရာမများအား ခြိမ်းခြောက်၍ မော်တော်ဆိုင်ကယ်များအား လုယက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်” နှင့် ပတ်သက်သည့်ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ပေးထား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



