ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

နေပြည်တော်   ဇွန်   ၆
မျက်မှောက်ကာလတွင်  ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများကို သဇင် FM ၏     “ပြည်သူ့ကြားက  ပြည်သူ့စကား”   အစီအစဉ်မှ  “မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များအတွင်း အကြမ်းဖက်လုပ်ငန်းများနှင့် အပြစ်မဲ့ပြည်သူ များအား ဒဟန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အကြမ်းဖက် အဖွဲ့ဝင်များအား ဖမ်းဆီးရမိ”  ခေါင်းစဉ်ဖြင့်   ဇွန်  ၇  ရက်  မွန်းလွဲ  ၁  နာရီတွင်  ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။ 
လာမည့်အပတ်   ဗုဒ္ဓဟူးနေ့   မွန်းလွဲ  ၁ နာရီတွင်  “PDF အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဖယ်ခုံ မြို့နယ် ညောင်ကုန်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းမှ တစ်ထပ်ကျောင်းဆောင် တစ်ဆောင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့်ဖြစ်စဉ်”ခေါင်းစဉ်ဖြင့်     ဆွေးနွေးတင်ဆက်မည်ဖြစ်သော ကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့်  အပတ်စဉ်  ကြာသပတေးနေ့  နံနက်  ၁ဝ နာရီမှ ၁၁   နာရီအတွင်း   ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅  သို့   အမည်၊   နေရပ်လိပ်စာ၊   အလုပ်အကိုင်နှင့်  ပြန်လည်ဆက်သွယ်ရမည့်     ဖုန်းနံပါတ်တို့ကို Message   ပေးပို့ပါဝင် နိုင်ပြီဖြစ်ကြောင်းနှင့်    ပါဝင်လာသည့်   ပရိသတ်များ၏    ဖုန်းနံပါတ် များနှင့်   ကိုယ်ရေးအချက်အလက်များကို   လျှို့ဝှက်ပေးထားမည်ဖြစ် ကြောင်း သိရသည်။                                                 
သတင်းစဉ်