ပြည်သူအပေါ် ရေလို လလို ကျင့်ကြံ၊ ဒေသနှင့် တိုင်းပြည်အကျိုးအတွက် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရမည်ဖြစ်ပြီး စွမ်းရည်စွမ်းအားရှိအောင် ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်    မတ်     ၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများလိုက်ပါ၍  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးသည်။  

 


တိုင်းစစ်ဌာနချုပ်၏ ဦးရေးထောက်ဆိုင်ရာ
လုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှု


ဦးစွာ   တိုင်းစစ်ဌာနချုပ်အစည်းအဝေးခန်းမ၌ တိုင်းမှူးက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ သမိုင်း အကျဉ်း၊ တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင် ရွက်နေမှုအခြေအနေများ၊ နယ်စပ်ဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု၊ မူးယစ်ဆေးဝါးများ    ဖမ်းဆီးရမိရေး   ဆောင်ရွက် လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှုများအား   တားဆီး ဆောင်ရွက်လျက်ရှိမှု၊  ယာယီတိုက်ပွဲရှောင်သူများ အား ၎င်းတို့၏  နေရပ်အသီးသီးသို့   ပြန်လည်ပို့ဆောင် ပေးခြင်းနှင့်  လိုအပ်သည့်   ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသခံပြည်သူလူထုတို့ အား ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မှု၊ ပညာရေး ရိပ်သာများ ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ ၏ စားဝတ်နေရေး အဆင်ပြေမှုရှိအောင် ဆောင်ရွက် ပေးလျက်ရှိမှု၊ တပ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ မှ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။ 


ရှင်းလင်းတင်ပြမှုများအပေါ်     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က   တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း တာဝန်ထမ်းဆောင်နေသူများအနေဖြင့်   မိမိတို့ တာဝန်ထမ်းဆောင်ရသည့် နယ်မြေဒေသ၏ သမိုင်း ကြောင်း အစဉ်အလာနှင့် ပကတိအခြေအနေမှန် များကို    သိရှိနားလည်ရမည်ဖြစ်ပြီး    ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့်    ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဒေသခံများနှင့် အတူတကွ ဝိုင်းဝန်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းဖြင့်   ပြောကြား သည်။


ဆက်လက်ပြောကြားရာတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ   တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအားပြည့်ဝနေရန် လိုအပ် မည်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည် ဖြစ်သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်းများက လည်း  အမြဲမပြတ်လေ့ကျင့်ပေးနေရန်   လိုအပ်မည် ဖြစ်ကြောင်း၊ မိမိတို့ သင်ကြားထားသည့်  စစ်ပညာ များကို      ထိထိရောက်ရောက်    အသုံးချနိုင်ရန် လိုကြောင်း၊  အဆင့်ဆင့်သော  ခေါင်းဆောင်များ ကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမှသာလျှင် တိုက်စွမ်းရည်၊    တိုက်စွမ်းအား   ကောင်းမွန်သည့် တပ်များ ဖြစ်လာမည်ဖြစ်သဖြင့် စစ်သည် တစ်ဦးချင်း  စိတ်ဓာတ်၊   စည်းကမ်းနှင့်   ခံယူချက်ကောင်းများ ရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ညီညွတ်မျှတပြီး တပ်မှူးကောင်းစိတ်ထား၍ မိမိတို့ ၏ လက်အောက်ငယ်သားများကို မှန်မှန်ကန်ကန် ကွပ်ကဲအုပ်ချုပ်     ဆောင်ရွက်ရန်    လိုကြောင်းဖြင့် မှာကြားခဲ့သည်။


အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    တပ်မတော်ကာကွယ်ရေး   ဦးစီးချုပ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်    အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြား သည်။


အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)   ဗိုလ်ချုပ်ကြီး   မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် နှင့် ဇနီး၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  တပ်မတော် အရာရှိကြီးများနှင့်   ဇနီးများ၊  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး    ဗိုလ်ချုပ်    ထင်လတ်ဦးနှင့် တာဝန်ရှိသူများ၊ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။


စွမ်းရည်ရှိပြီး စွမ်းပကားမြင့်မားသည့် တပ်မတော်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်


ထိုသို့    တွေ့ဆုံအမှာစကား   ပြောကြားရာ၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  နယ်မြေရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အတွင်းရှိ    တပ်ရင်းတပ်ဖွဲ့များအနေဖြင့်   နိုင်ငံ၏ အနောက်ဘက်ခြမ်း   နယ်မြေလုံခြုံရေးနှင့်  တရား ဥပဒေစိုးမိုးရေးတာဝန်များကို ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည်   နိုင်ငံတော်၏  အချုပ်အခြာ အာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့် နိုင်ငံသားတို့ ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပအန္တရာယ်၊ ရန်စွယ်များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက် မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည်ဖြစ် သော်လည်း မိမိတို့နိုင်ငံတွင် သမိုင်းကြောင်းအခြေ အနေများအရ တပ်မတော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များနှင့်အတူ     ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်  လုံခြုံရေးတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နေရ ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏ပထဝီဝင်အနေအထားအရ မိမိတို့အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ အပေါ်တွင်လည်း   ကျယ်ကျယ်ပြန့်ပြန့်  သုံးသပ်၍ အရှည်မျှော်တွေးပြီး ဆောင်ရွက်ကြရန်လိုကြောင်း။


တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက် ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့်   ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေရမည်ဖြစ်သကဲ့သို့ ပြည်ပရန်ကာကွယ် ရေးအတွက်လည်း  Standard Army တစ်ခု ဖြစ်စေ ရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း၊ လက်နက်များ စွမ်းအားမြင့်မားရေး၊ အရာရှိ၊ စစ်သည်များ၏ စွမ်းရည်မြင့်မားရေးအတွက် အမြဲမပြတ်   မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များ   အားလုံး အဆင့်မြှင့်တင်ခြင်းများကို စဉ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိသဖြင့်  တပ်မတော်၏  စွမ်းပကား မြှင့်တင်ရန်အတွက် စစ်သည်တစ်ဦးချင်း၏ စွမ်းရည် မြင့်မားစေရေး   လေ့ကျင့်ရေးတာဝန်များကိုလည်း မှန်မှန်ကန်ကန်     ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်မြေပြင်တွင် သင်ကြားပေးထားသည့် စစ်အတတ် ပညာများကို စနစ်တကျ အသုံးချမည်ဆိုပါက ထိခိုက် မှုများ   နည်းပါးစေမည်ဖြစ်ကြောင်း၊  ထို့ကြောင့် စစ်သည်တစ်ဦးချင်း၊  တပ်တစ်တပ်ချင်းမှအစပြု၍ တပ်မတော်တစ်ရပ်လုံး စစ်ရေးစွမ်းရည် ထက်မြက် စေရေး ယခုထက်  ပိုမိုကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း။


ပြည်သူအပေါ် ရေလို လလို ကျင့်ကြံ၊       ဒေသနှင့် တိုင်းပြည်အကျိုးကိုကြည့်၍ တာဝန်ကိုကျေပွန်စွာထမ်းဆောင်
ယခင်က     ရခိုင်ပြည်နယ်သည်    အကြောင်း အမျိုးမျိုးကြောင့်    ဖွံ့ဖြိုးတိုးတက်မှု   နည်းပါးခဲ့ပြီး လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းများ   ဖြစ်ပေါ်ခြင်း ကြောင့်   ဒေသခံများအနေဖြင့်  ခေတ်အဆက်ဆက် အစိုးရများအပေါ်     ရင်းနှီးနားလည်မှု   နည်းပါးခဲ့ ကြောင်း၊ ထို့ကြောင့် တပ်မတော်အစိုးရလက်ထက် တွင်   ရခိုင်ပြည်နယ်   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးအရေးအကြီးဆုံးဖြစ်သည့်      လမ်းပန်း ဆက်သွယ်မှုများ ကောင်းမွန်စေရေး ဆောင်ရွက်ပေးခဲ့ ကြောင်း၊ စစ်တွေ - ရန်ကုန် လမ်းမကြီးကို ဖောက်လုပ် ပေးခဲ့ကြောင်း၊ ယခင်က သွားလာမှုခက်ခဲခြင်းကြောင့် ဒေသခံရခိုင်လူမျိုးများအနေဖြင့်    မြေပြန့်ဒေသရှိ ပြည်သူများနှင့်     ထိတွေ့ဆက်ဆံမှု     နည်းပါးခဲ့ ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲပြီး ပြည်ထောင်စုကြီးပြိုကွဲစေရေးကို  လိုလားသည့် အချို့သော အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှု များကြောင့် တိုင်းရင်းသားအချင်းချင်း    အထင်အမြင်    လွဲမှားမှုများကို  ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း၊      ထို့ကြောင့် ဒေသတွင်း တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် နယ်မြေ ဒေသ၏ နောက်ခံသမိုင်းကြောင်းကို သိရှိနားလည် ရန်လိုပြီး     ဒေသတွင်း    တည်ငြိမ်အေးချမ်းရေး၊ သက်သာချောင်ချိရေး၊  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင်  ဒေသခံတိုင်းရင်းသားများ၏ စိတ်နေသဘောထားများကို သိရှိပြီး စိတ်ရှည်သည်းခံ စွာဖြင့်     ဆောင်ရွက်ရန်လိုကြောင်း၊     ဒေသနှင့် တိုင်းပြည်အကျိုးကို ကြည့်၍  မိမိတို့၏ တာဝန်များ ကို    ကျေပွန်စွာ    ထမ်းဆောင်ကြရန်လိုကြောင်း၊ တပ်မတော်သားများသည် စည်းကမ်းနှင့်အညီနေထိုင် ကြသူများဖြစ်ခြင်းကြောင့်  ပြည်သူများနှင့် ထိတွေ့ ဆောင်ရွက်ရာတွင်   ပြည်သူ့အပေါ်  ထားရှိရမည့် ကျင့်ဝတ်တွင်   ပါဝင်သည့်အတိုင်း  ပြည်သူအပေါ် ရေလိုလလိုကျင့်ကြံကြရန်လိုကြောင်း၊  အလားတူ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း       လူထု အကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြ ရန်လိုကြောင်း။


ပညာရည်မြင့်မားသည့် လူသားအရင်းအမြစ် ကောင်းများ ပေါကြွယ်ဝမှသာလျှင် 
ဒေသနှင့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်


ယခင်က  ရခိုင်ပြည်နယ်သည်   အုပ်ချုပ်မှုစနစ်၊ ပညာရေးတို့တွင် အားကောင်းခဲ့သည်များရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ သို့သော်လည်း နောက်ပိုင်း တွင် မူဂျာဟစ်သောင်းကျန်းသူများနှင့် ဒေသတွင်း လူမျိုးရေးပဋိပက္ခများ    ဖြစ်ပေါ်ခဲ့မှုများ    စသည့် အကြောင်းအမျိုးမျိုးကြောင့်    ရခိုင်ပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာနောက်ကျခဲ့ရကြောင်း၊ ဒေသ တစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသား အရင်းအမြစ်ကောင်းများရှိရန် မဖြစ်မနေ လိုအပ် ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရေးကို နိုင်ငံနှင့် အဝန်းမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း ပညာရည်မြင့်မားရေးအတွက် လည်း နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ ပညာတတ်များ ပေါများမှသာ ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို  ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် တိုင်းရင်းသားအချင်းချင်း အထင်အမြင် လွဲမှားနေမှုများကို နည်းပါးစေကာ ချစ်ကြည်ရင်းနှီး မှုကို ပိုမိုအထောက်အကူပြုစေမည်ဖြစ်ပြီး စုစည်း ညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုကြီးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း။


အသိပညာ၊  အတတ်ပညာများသည် အတန်း ပညာအပေါ်တွင်    မူတည်ကြောင်း၊   ထို့ကြောင့် တပ်မတော်သားများ     အတန်းပညာမြင့်မားရေး အတွက်လည်း  တပ်မတော်မှ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊    အလားတူ    တပ်မတော်သားများ၏ မိသားစုဝင် သားသမီးများ ပညာရည်မြင့်မားစေရေး အားပေးဆောင်ရွက်ကြစေလိုကြောင်း၊     ကျောင်း သား  ကျောင်းသူများအနေဖြင့်  လမ်းခုလတ်တွင် ပညာရေး မပြီးဆုံးစေလိုဘဲ အဆင့်မြင့်ပညာရပ်များ သင်ကြားပြီးမြောက်သည်အထိ  အားပေးဆောင်ရွက် ကြစေလိုကြောင်း၊ သို့မှသာ မိမိတို့သားသမီးများ၏ ဘဝရပ်တည်ရေးအတွက် အဆင်ပြေချောမွေ့စေမည် ဖြစ်ကြောင်း၊  မိမိတို့၏  မိဘများအနေဖြင့်  မိမိတို့ အပေါ်  မိဘတာဝန်ကျေခဲ့သကဲ့သို့   မိမိတို့အနေဖြင့် လည်း    မိမိတို့သားသမီးများအပေါ်   မိဘဝတ္တရား ကျေအောင်     ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အလားတူ  မိမိတို့၏   အသိပညာ  အတတ်ပညာများ မြင့်မားတိုးတက်စေရေးအတွက်လည်း   ဗဟုသုတ တိုးပွားစေမည့် စာအုပ်စာပေများကို အမြဲမပြတ်ဖတ်ရှု လေ့လာနေရန်လိုကြောင်း။


မိမိကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်ခြင်းဖြင့် လူမှုဘဝတိုးတက်စေရေး မြှင့်တင်ရမည်


ထို့ပြင် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိအတွက်     အကျိုးမရှိသည့်     အရက်သေစာ သောက်စားမှုများကို  တစ်ဦးချင်း   အသိတရားဖြင့် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ အရက်သေစာလွန်ကျွံစွာ     သောက်စားမှုကြောင့် ကျန်းမာရေး ထိခိုက်မှုကိုသာမက လူမှုရေးပြဿနာ များပါ ကြုံတွေ့ရနိုင်ကြောင်း၊ အလားတူ ကျန်းမာရေး ကို ထိခိုက်စေနိုင်သည့် ဆေးလိပ်နှင့် ကွမ်းစားသုံးမှု များကိုလည်း အတတ်နိုင်ဆုံး ထိန်းသိမ်းဆောင်ရွက် ကြရန်လိုကြောင်း၊       သက်သာချောင်ချိရေးနှင့် ပတ်သက်၍  တပ်ပိုင်နှင့်တစ်ပိုင်တစ်နိုင်  စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်  အောင်    ဆောင်ရွက်ကြစေလိုကြောင်း၊    တပ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း အများအတွက်အကျိုးရှိမည့် မွေးမြူရေးကို ဆောင် ရွက်ကြစေလိုကြောင်း၊   တစ်ပိုင်တစ်နိုင်   စိုက်ပျိုး မွေးမြူရေးများကို ဆောင်ရွက်ရာတွင်လည်း မိမိတို့ တတ်နိုင်သလောက်   အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သို့မှသာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို  ဈေးနှုန်းသက်သာစွာဖြင့် စားသုံးနိုင်ပြီး  မိမိတို့၏  ငွေကြေးသုံးစွဲမှုကို များစွာ သက်သာစေမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်တစ်ဦးချင်း အဆင့်အလိုက် ရသင့် ရထိုက်သည့်  ရပိုင်ခွင့်များနှင့်  အခွင့်အရေးများကို နေရေး၊ စားရေး၊ ဝတ်ရေးတို့မှအစ တတ်နိုင်သရွေ့ ဖြည့်ဆည်း    ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ထို့ပြင် စစ်သည်တစ်ဦးချင်းအတွက် အကျိုးကို ခိုင်မာ စွာ ဖြစ်ပေါ်စေနိုင်ပြီး စဉ်ဆက်မပြတ်သော အမြတ်ငွေ များ  နှစ်စဉ်ရရှိစေနိုင်သည့်   မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော   ကုမ္ပဏီလီမိတက်  အစု ရှယ်ယာထည့်ဝင်ခြင်းများကို    ဆောင်ရွက်နိုင်ရန် လည်း  အခွင့်အလမ်းများ  ဖော်ဆောင်ပေးထားပြီး ဖြစ်ကြောင်း၊    စစ်သည်တစ်ဦးတစ်ယောက်ချင်း၏ အကျိုးကို  မျှော်တွေး၍  ဆောင်ရွက်ပေးထားခြင်း ဖြစ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုများဖြင့်   ရေရှည်ကိုကြည့်ကာ    ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။  
အရာရှိ၊   စစ်သည်များအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ရရှိမည်ဆိုပါက လူအများက မိမိအပေါ်ယုံကြည်မှု တိုးတက်စေမည်ဖြစ်ကြောင်း၊  သို့မှသာ မိမိတို့ဘဝ တိုးတက်ရေးအတွက်  အထောက်အကူပြုမည်ဖြစ် ကြောင်း၊  ထို့ကြောင့်  မိမိတို့ကို  ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို        ထမ်းဆောင်ရာတွင် စိတ်လက်ကြည်သာစွာဖြင့် ပျော်ရွှင်စွာထမ်းဆောင် ကြရန်လိုကြောင်း မှာကြားသည်။


စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက်စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်း ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏    ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွက်  ချီးမြှင့်ငွေများကို   ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း လက်ခံရယူကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား  ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို  လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


ဆေးရုံတက်ရောက်ကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူ များ၏ ကျန်းမာရေးအခြေအနေများအား     ရင်းရင်းနှီးနှီး မေးမြန်းအားပေး


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အမ်းမြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံသို့    သွားရောက်၍    ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့်       အရာရှိ၊     စစ်သည်၊ မိသားစုဝင်များ၏    ကျန်းမာရေးအခြေအနေများကို   တစ်ဦးချင်း  ရင်းရင်းနှီးနှီး  မေးမြန်းအားပေးစကား ပြောကြားကာ       စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ဇနီးတို့သည်   တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့များမှ ဆေးကုသရေးအစီအစဉ်ဖြင့် ကုသ ပေးခဲ့ပြီး   ဆေးရုံတက်ရောက်   ကုသလျက်ရှိသည့် ဒေသခံပြည်သူများ၏     ကျန်းမာရေးအခြေအနေ တိုးတက်မှုများကို တစ်ဦးချင်းရင်းရင်းနှီးနှီး မေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများ   ပေးအပ်သည်။    အဆိုပါ   အမ်းမြို့ရှိ နယ်မြေခံ    တပ်မတော်ဆေးရုံအနေဖြင့်    အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်းမာရေးစောင့်ရှောက် မှုများအပြင် ဒေသခံပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း  ထိထိရောက်ရောက်ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသခံပြည်သူအများ အပြား  တက်ရောက်ဆေးကုသမှု  ခံယူလျက်ရှိပြီး ဒေသခံများလည်း အားကိုးယုံကြည်လျက်ရှိကြောင်း နှင့် နယ်မြေဒေသအတွင်းရှိ ပြည်သူလူထု၏ ကျန်းမာ ရေး  မြှင့်တင်မှုများကို  များစွာအထောက်အကူပေး လျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်