ပြည်သူ့အကျိုးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အများထက်ထူးကဲသာလွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် ကောင်းမွန်သည့် အစဉ်အလာကောင်းတစ်ရပ်ဖြစ်

နေပြည်တော်    ဇန်နဝါရီ     ၄


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ  ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင်     နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားပြီး ဂုဏ်ထူး ဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်သည်။


တက်ရောက်


အခမ်းအနားသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အဖွဲ့ဝင်များဖြစ်ကြသည့်  ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊  မန်းငြိမ်းမောင်၊   ဦးသိန်းညွန့်၊   ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊   စောဒန်နီယယ်၊   ဒေါက်တာ ဗညားအောင်မိုး၊    ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးရွှေကြိမ်း၊   ကောင်စီအတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊    ကောင်စီတွဲဖက် အတွင်းရေးမှူး      ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ်    ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ  ဦးသန်းကျော်၊          ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ  ဦးသိန်းစိုး၊  ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊     အဂတိလိုက်စားမှု  တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊        မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ညှိနှိုင်း  ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ)၊      ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က       ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်   မိမိတို့   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်     ရှေးပဝေသဏီကပင် ကိုယ့်ထီးကိုယ့်နန်းနှင့် ကမ္ဘာ့အလယ်တွင် ဝင့်ထည် စွာ ရပ်တည်ခဲ့ပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမ များ သွေးစည်းညီညွတ်စွာ စုပေါင်းနေထိုင်ကြသည့် သမိုင်းကြောင်း    အစဉ်အလာကောင်းများရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ယနေ့သည် မိမိတို့ မြန်မာနိုင်ငံအတွက် မမေ့အပ်သည့် လွတ်လပ်ရေးနေ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး လွတ်လပ်ရေးရရှိခဲ့သည်မှာ  ယနေ့ဆိုပါက (၇၄)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း။


အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် စွမ်းစွမ်းတမံဖြင့် ထူးကဲစွာဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ ဒို့တာဝန်  အရေးသုံးပါးကို   ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏   နိုင်ငံရေး၊   စီးပွားရေး၊   လူမှုရေး ဦးတည်ချက်များနှင့်အညီ   ကဏ္ဍအသီးသီးတွင် ထူးခြားထက်မြက်စွာ အားထုတ်ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ တို့တွင် တိုင်းကျိုး ပြည်ကျိုးများကို အများနှင့်မတူ အောင် ထူးခြားစွာစွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ် များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာပညာ နှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ  အောင်မြင်စွာ တီထွင်ဖန်တီး စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံတော်လုံခြုံရေး၊  ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ်  သော  ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ကြိုးပမ်းထမ်းဆောင်ကြ သည့် ပုဂ္ဂိုလ်များကို ယခုကဲ့သို့ ထူးခြားလေးနက်သည့် လွတ်လပ်ရေးနေ့ အခါသမယတွင် ဂုဏ်ထူးဆောင် ဘွဲ့များကို          ဂုဏ်ပြုချီးမြှင့်အပ်နှင်းသွားမည် ဖြစ်ကြောင်း။


အစဉ်အလာကောင်းများရှိ
ယခုကဲ့သို့ နေ့ထူးနေ့မြတ်တွင် ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်ချီးမြှင့် သည့် အစဉ်အလာကောင်းများရှိခဲ့ပါကြောင်း၊ နိုင်ငံ တစ်နိုင်ငံ၏ လွတ်လပ်ရေးဆိုသည်မှာ တစ်ခဏတာ အတွင်း ဆုံးရှုံးနိုင်သော်လည်း ပြန်လည်ရရှိနိုင်ရေး အတွက်  နှစ်ပေါင်း(၁၀၀)ကျော်  မိမိတို့ ဘိုးဘွား မိဘများ၏ အသက်၊ သွေး၊ ချွေး မြောက်မြားစွာ စတေးပြီး အလွန်တရာ ခက်ခဲပင်ပန်းစွာ ကြိုးစား အားထုတ်ခဲ့ရခြင်းဖြစ်ကြောင်း၊         အမျိုးသား ခေါင်းဆောင်ကြီး           ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုအောက်တွင် တိုင်းရင်းသားအားလုံး ဇွဲ၊ လုံ့လ၊ သတ္တိအပြည့်နှင့် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ကြိုးပမ်းခဲ့ကြသဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း။
ထိုသို့ရယူခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာသည်      ပြည်ထောင်စုမြန်မာနိုင်ငံသား အားလုံး၏                       
နှလုံးသည်းပွတ်ပမာဖြစ်ပါကြောင်း၊ အမျိုးသားခေါင်းဆောင်ကြီးများနှင့် ဘိုးဘေးဘီဘင်များ စွန့်လွှတ်စွန့်စား အားထုတ်ကြိုးပမ်းရယူခဲ့ သည့်    မြန်မာ့လွတ်လပ်ရေး   အစဉ်ထာဝရတည်တံ့စေရန်အတွက် လွတ်လပ်ရေးနေ့  အမျိုးသားရေး ဦးတည်ချက်များကို  အလေးအနက် ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် သွေးစည်းညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်သကဲ့သို့ လွတ်လပ်သည့်နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းမှုရှိပြီး ခေတ်မီဖွံ့ဖြိုး  တိုးတက်စေရန် ဆောင်ရွက်ရမည့် တာဝန်သည်လည်း မိမိတို့မြန်မာနိုင်ငံ သား အားလုံး၏ တာဝန်ပင်ဖြစ်သည်ဟု တိုက်တွန်းပြောကြားလိုကြောင်း။


တက်ညီလက်ညီ ပူးပေါင်းပါဝင်ရေး


တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်စေရန် အတွက် ဘက်စုံ၊ ထောင့်စုံက တည်ဆောက်သည့်နေရာတွင် နိုင်ငံတော် လုံခြုံရေး၊  ရပ်ရွာအေးချမ်းသာယာရေး၊  တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး တာဝန်များကို နိုင်ငံတော်အစိုးရက ဦးစီး ဦးဆောင်တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သော်လည်း တိုင်းရင်းသား ပြည်သူအားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်ရေးသည် အဓိက ကျပါကြောင်း၊ ထိုသို့ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို အမျိုးသားရေး စိတ်ဓာတ်ဖြင့် အများထက်ထူးကဲသာလွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် ကောင်းမွန်သည့် အစဉ်အလာ ကောင်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားလိုပါကြောင်း။ 
နိုင်ငံတော်အတွက် မိမိအသက်ခန္ဓာကိုယ်ကို ပဓာနမထားဘဲ ကြံ့ခိုင်သည့် စိတ်ဓာတ်၊ စံတင်ထိုက်သည့်        ‌m စာမျက်နှာ ၅ မှ
စွမ်းရည်၊ ဂုဏ်ယူထိုက်သည့် စွန့်စားခြင်းမျိုးဖြင့် ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သူများကို ဂုဏ်ထူးဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းရန်အတွက် စိစစ်ရေး အဖွဲ့က ၂၀၀၉ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ဆိုင်ရာ ပြဋ္ဌာန်းချက်နှင့် ၂၀၁၄ ခုနှစ် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဖြည့်စွက်ပြဋ္ဌာန်းချက်များနှင့်အညီစိစစ်ပြီး ထောက်ခံတင်ပြချက်များအရ ယခုကဲ့သို့ ဂုဏ်ပြုချီးမြှင့် အပ်နှင်းခြင်းအခမ်းအနား ကျင်းပပြုလုပ်ပြီး ချီးမြှင့်ရခြင်းဖြစ်ပါကြောင်း။


ယခုနှစ်တွင် ၂၀၂၁ ခုနှစ်က ချီးမြှင့်ခဲ့သည့် သရေစည်သူဘွဲ့ ရရှိသူ တစ်ဦး၊ စည်သူဘွဲ့ရရှိသူ ၁၀ ဦး၊ သူရဘွဲ့ရရှိသူ တစ်ဦး၊ ဇေယျကျော်ထင် ဘွဲ့ရရှိသူ ၁၇ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ နှစ်ဦး စုစုပေါင်း ၃၁ ဦးတို့ကို ဂုဏ်ယူစွာဖြင့် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း။
ယခုရရှိခဲ့သည့် ဂုဏ်ထူးဆောင်ဘွဲ့များသည် မိမိတို့၏စိတ်နှလုံး နှင့်ဆိုင်သည့် စွမ်းရည်သတ္တိဟု ခေါ်ဆိုရမည့် နှလုံးရည်၊ တိုက်ခိုက်နိုင် သည့် ကာယစွမ်းရည်ဟု သတ်မှတ်ရမည့် လက်ရုံးရည်တို့ဖြင့် နိုင်ငံတော် နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရွပ်ရွပ်ချွံချွံ သယ်ပိုးထမ်းဆောင် နိုင်ခဲ့သည့် အောင်မြင်မှုများအတွက် ဂုဏ်ယူရမည့် မှတ်တမ်းပင်ဖြစ်ပါ ကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့ဖြတ်သန်းခဲ့ရသည့် ခက်ခဲကြမ်းတမ်း သည့်   ဘဝကို  အောင်မြင်စွာ  ကျော်လွှားနိုင်ခဲ့ကြသည့်   မိမိတို့၏ စွမ်းဆောင်ရည်များကို နိုင်ငံတော်က မှတ်ကျောက်တင်ခြင်းခံရသည့် သင်္ကေတအမှတ်အသားတစ်ခုဖြစ်သည့်အတွက် ယနေ့အခမ်းအနားကို ကိုယ်တိုင်တက်ရောက်ခြင်းမပြုနိုင်တော့သည့် ပုဂ္ဂိုလ်များအနေဖြင့် လည်း သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် ဂုဏ်ယူစရာ ဖြစ်ပါကြောင်း နှင့် နိုင်ငံတော်နှင့် ပြည်သူများကိုယ်စား လေးစားဂုဏ်ယူပါကြောင်း လည်း အလေးအနက် ပြောကြားလိုပါကြောင်း။


ဂုဏ်ပြုချီးမြှင့်ထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရား တော်နှင့်အညီ ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊ မိမိတို့၏ ဘဝ တစ်သက်တာအတွင်း တိုင်းပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ကို ယခုကဲ့သို့ မှတ်တမ်းတင် ဂုဏ်ပြုချီးမြှင့်ခြင်းခံရသကဲ့သို့ ဆက်လက် ပြီး နိုင်ငံတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊ အေးချမ်းသာယာရေး၊ သာယာဝပြောရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ သားစဉ် မြေးဆက်များကိုပါ ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်စေရန် စံနမူနာကောင်း များ ပြကြပါရန် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်အပ်နှင်းခဲ့သော ပြည်ထောင်စုစည်သူ သင်္ဂဟ ဘွဲ့များဖြစ်သည့် သရေစည်သူဘွဲ့ရရှိသူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုလည်းကောင်း၊   စည်သူဘွဲ့ရရှိကြသူများကိုယ်စား   ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးကို လည်းကောင်း၊ တပ်မတော်ဆိုင်ရာ စွမ်းရည် သတ္တိဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သူရဘွဲ့ရရှိသူ အမှတ်(၂၀၇)ခြေမြန် တပ်ရင်းမှ ဒုတိယတပ်ကြပ် သက်ရှည်ကိုယ်စား ၎င်း၏ဇနီးကိုလည်း ကောင်း၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များဖြစ်သည့် ဇေယျ ကျော်ထင်ဘွဲ့ ရရှိကြသူ ၁၇ ဦးကိုယ်စား ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း ကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ ရရှိကြသူနှစ်ဦးကိုယ်စား ဦးမောင်ကို ကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်များ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် သည် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူများ၊ ၎င်းတို့၏မိသားစုဝင်များ နှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ကြသည်။


အခမ်းအနားအပြီးတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် အခမ်းအနား သို့ တက်ရောက်ကြသူများ၊ ဂုဏ်ထူးဆောင်ဘွဲ့ရရှိကြသူများနှင့် ၎င်းတို့ ၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။          

                                                            
သတင်းစဉ်