
နေပြည်တော် ဇွန် ၂
ပြည်ပပို့ကုန်ကဏ္ဍ တိုးမြှင့်တင်ပို့နိုင်ရေးအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ သက်ဆိုင် ရာ ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်းရှင် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
ကဏ္ဍအလိုက်ဆွေးနွေး
အစည်းအဝေးတွင် ပို့ကုန်လုပ်ငန်း များ တိုးတက်တင်ပို့နိုင်ရေး မြေပြင် အခြေအနေ၊ ကုန်စည်များ စိုက်ပျိုးမွေးမြူ ထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှု ပိုလျှံမှုအပေါ် တွင် ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် တရား မဝင်တင်ပို့မှုမရှိစေရေး၊ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့် အစီအမံများကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီး ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ သတင်းစဉ်