
နေပြည်တော် နိုဝင်ဘာ ၂၃
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာ သည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင် ဘာ ၂၂ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၈၇ ဦး၊ အမျိုးသမီး ၁၉၃ ဦး၊ စုစုပေါင်း ၃၈၀ ၊ ချင်းရွှေ ဟော်မြို့သို့ ပြန်လည်ဝင်ရောက် လာသူ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၅၁ ဦး နှင့် လောက်ကိုင်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသားနှစ်ဦး တို့ကိုလည်းကောင်း၊ ယနေ့တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈၈ ဦး၊ အမျိုးသမီး ၁၈၆ ဦး၊ စုစုပေါင်း ၄၇၄ ဦး တို့ကိုလည်းကောင်း အသီးသီး လက်ခံခဲ့ကြသည်။
ထိုသို့ လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက ကိုဗစ်-၁၉ ရောဂါ စစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့် အထောက်အထားစာရွက် စာတမ်းများ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များ ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက် ပေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့် ခရီးသည်တင်မော်တော် ယာဉ်များဖြင့် ၎င်းတို့နေရပ် အသီးသီးသို့ လိုက်လံပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ရောဂါပိုးတွေ့ရှိသူ များအား သက်ဆိုင်ရာ နေရာများ တွင် သီးသန့်ထားရှိ၍ လိုအပ် သည့် ကျန်းမာရေးဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို အဆင်ပြေချောမွေ့အောင် ဆောင် ရွက်ပေးလျက်ရှိကြောင်း သတင်း ရရှိသည်။ သတင်းစဉ်