ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား နယ်စပ်ဂိတ်အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ   ၂၉


ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ် ဂိတ်အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၈ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)    ချင်းရွှေဟော်မြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၆ ဦးတို့ကို လက်ခံခဲ့ကြသည်။ 

 


ထိုသို့လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ    ကျန်းမာ ရေးဆိုင်ရာ    တာဝန်ရှိသူများ၊   တပ်မတော်ဆေးတပ်ဖွဲ့ဝင်များက ကိုဗစ် - ၁၉  ရောဂါ  စစ်ဆေးပေးခြင်း၊ Quarantine ဝင်ရောက်ရမည့်  အထောက်အထား စာရွက်စာတမ်းများ  ပြုလုပ်ပေးခြင်း၊ ကျန်းမာရေး ဝန်ကြီးဌာန၏  ညွှန်ကြားချက်များအား  ရှင်းလင်းပြောကြားခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး   တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိ သူများ၊   ဌာနဆိုင်ရာတာဝန်ရှိသူများက   လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက  စီစဉ်ဆောင်ရွက်ပေး သည့် ခရီးသည်တင်မော်တော်ယာဉ်များဖြင့်   ၎င်းတို့နေရပ်အသီးသီးသို့  လိုက်လံ    ပို့ဆောင်ပေးခဲ့ကြောင်းနှင့်   ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာနေရာများတွင် သီးသန့်ထားရှိ၍  လိုအပ်သည့် ကျန်းမာရေး ဆိုင်ရာများနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များကို   အဆင်ပြေချောမွေ့ အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


သတင်းစဉ်