
နေပြည်တော် ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆေးရုံအချို့၌ ဆရာဝန်နှင့် သူနာပြုများက ဒေသခံပြည်သူများကို မျက်ကွယ် ပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်ခြင်းမပြုဘဲ ပျက်ကွက်လျက်ရှိရာ ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ်(၁၀) မြို့နယ်အဆောင်၌ အသွားအလာကန့်သတ်ထားရှိခဲ့သည်။
ထိုသို့ အသွားအလာကန့်သတ်ထားရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၆၈ ဦးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်