ပြည်ပခရီးသွားများပါ ပိုမိုသိရှိလာရောက်လည်ပတ်စေရန် ပြင်ဦးလွင်ဒေသ၏ တောတောင်ရေမြေ သဘာဝအလှအပများနှင့် ထူးခြားသည့်ဆွဲဆောင်မှုများကို ခရီးစဉ်များရေးဆွဲဆောင်ရွက်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၃


ဟိုတယ်နှင့်       ခရီးသွားလာရေး ဝန်ကြီးဌာန      ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည်   ယနေ့နံနက် ပိုင်းတွင်    မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့   သွားရောက် ကာ    လေကြောင်းလိုင်းများမှ တစ်ဆင့်  ခရီးသွားလာလည်ပတ် လျက်ရှိသော ပြည်တွင်းပြည်ပခရီး သွားဧည့်သည်များ   မြန်မာနိုင်ငံ ၏ ခရီးစဉ်ဒေသဆိုင်ရာ အချက် အလက်များ၊   ခရီးသွားဆွဲဆောင်မှု များနှင့်   ခရီးသွားဧည့်သည်များ သိရှိလိုသည့်         သတင်းအချက် အလက်များကို အလွယ်တကူသိရှိ နိုင်ရန်အတွက်  လေဆိပ်အတွင်း ဟိုတယ်နှင့်         ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေး ကောင်တာ သို့ သွားရောက်ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များကို မှာကြား သည်။


လှည့်လည်ကြည့်ရှု


မွန်လွဲပိုင်းတွင် ဒုတိယဝန်ကြီး သည်  ပြင်ဦးလွင်မြို့ရှိ နန်းမြိုင် ဟိုတယ်၊   သီရိမြိုင်ဟိုတယ်နှင့် ဂန္ဓမာမြိုင်ဟိုတယ်သို့ သွားရောက် ကာ ဟိုတယ်များတွင် ပြည်တွင်း ပြည်ပ    ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ   တည်းခို နေထိုင်နိုင်ရေး၊ ဟိုတယ်ပရဝဏ် နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် သန့်ရှင်းသာယာလှပရေး၊ ဟိုတယ် အဆောက်အအုံများ   နိုင်ငံတကာ အဆင့်မီကောင်းမွန်ပြီး    အမြင် တင့်တယ်မှုရှိစေရေး၊ လာရောက် လည်ပတ်တည်းခို    နေထိုင်ကြ သည့် ခရီးသွားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် ကျန်းမာ ရေးနှင့်    ဘေးအန္တရာယ်ကင်းရှင်း ရေး၊လုံခြုံစိတ်ချရသော ဝန်ဆောင် မှုကောင်းများဖြစ်စေရေး  ပြင်ဆင် ဆောင်ရွက်ထားရှိမှု  အခြေအနေ များကို          လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


အစီအစဉ်များဆောင်ရွက်


ထိုသို့   ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြည်တွင်းခရီး သွားများသာမက  ပြည်ပခရီးသွား များပါ          ပိုမိုသိရှိလာရောက် လည်ပတ်စေရန်အတွက် ပြင်ဦးလွင် ဒေသ၏      တောတောင်ရေမြေ သဘာဝအလှအပများနှင့်  ထူးခြား သည့် ဆွဲဆောင်မှုများကို ရိုက်ကူး ထားသည့်  ဓာတ်ပုံနှင့်ဗီဒီယိုများ ကို    လူသိများသော   မီဒီယာ Channel များ၊ Online မီဒီယာ များမှတစ်ဆင့် မြှင့်တင်ကြော်ငြာ ခြင်း၊   ခရီးသွားအေဂျင်စီများနှင့် ပူးပေါင်း၍        ခရီးစဉ်များရေး ဆွဲဆောင်ရွက်ခြင်းစသည့်      ခရီး စဉ်ဒေသမြှင့်တင်ရေး      အစီအစဉ် များကို       ဆောင်ရွက်သွားကြ ရန်    မှာကြားခဲ့ကြောင်း    သိရ သည်။                        

သတင်းစဉ်