ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်း ကောက်ယူမည်

 

နေပြည်တော်  ဇန်နဝါရီ  ၂၆
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊  ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တိုင်းဒေသ ကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အတူ  ယနေ့နံနက် ၁၁ နာရီက ထားဝယ် မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ   တိုင်း၊ ခရိုင်၊   မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင် များနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဝင်များကို တွေ့ဆုံသည်။ 
တွေ့ဆုံစဉ်     ပြည်ထောင်စု ဝန်ကြီးက   တနင်္သာရီတိုင်းဒေသ ကြီးအနေဖြင့်   စာရင်းကောက် အဖွဲ့ပေါင်း ၆၄၁ ဖွဲ့ဖြင့်   မြေပြင် ကွင်းဆင်း    ဆောင်ရွက်ခဲ့ရာတွင်  e-ID Software ဖြင့် ထုတ်ယူထား သည့်  အိမ်ထောင်စုစာရင်းဖြင့် ကောက်ယူမှု   ၃  ဒသမ  ၅  သိန်း ကျော်၊ အလွတ်ပုံစံဖြင့် ကောက်ယူ မှု  ရှစ်သောင်းကျော်၊  စုစုပေါင်း ၄  ဒသမ  ၃        သိန်းကျော်  ကောက်ယူပြီးစီးခဲ့ပြီး   လျာထား ချက်  ရာနှုန်းပြည့်ကောက်ယူနိုင် ခဲ့ပါကြောင်း၊ ကောက်ယူရရှိသည့် စာရင်း     အချက်အလက်များကို လည်း   ရုံးချုပ်ရှိ  e-ID Sever အတွင်းရှိ အချက်အလက်များနှင့် တိုက်ဆိုင်စိစစ်ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်း  လုပ်ငန်းကိုလည်း အချိန်မီပြီးစီးအောင်  ဆောင်ရွက် ကြရန်လိုကြောင်း။ 
ရှင်းလင်းပြောကြား 
တနင်္သာရီတိုင်း        ဒေသကြီး အနေဖြင့်        မြေပြင်ကွင်းဆင်း ကောက်ယူရာတွင်    အလွတ်ပုံစံ များဖြင့်      ကောက်ယူခဲ့သည့် အိမ်ထောင်စု    ရှစ်သောင်းကျော် အနက် အမှန်တကယ် အိမ်ထောင်စု စာရင်းရှိ/မရှိ  စိစစ်၍ နိုင်ငံတော် အစိုးရမှ မြို့နယ်အဆင့် ဖွဲ့စည်း ပေးထားသည့် (၅)ဦး ကော်မတီ ဖြင့်  အသေးစိတ်စိစစ်အတည်ပြု ကာ  နိုင်ငံသားအရည်အချင်းနှင့်    ကိုက်ညီသူများကို  ဥပဒေနှင့်အညီ    အိမ်ထောင်စု  လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး     ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို   ပန်းခင်း စီမံချက်အဆင့် (၃) ဖြင့်   ဆက်လက် ဆောင်ရွက်ပေးကြရမည်       ဖြစ်ပါ ကြောင်း၊ မိမိတို့ဌာနမှတာဝန်ယူ၍     နိုင်ငံအတွင်း        နေထိုင်သူအားလုံး ကို       ကိုယ်ရေးအချက်အလက် (Biographic)   နှင့်  ဇီဝဆိုင်ရာ အချက်အလက်    (Biometric) ကောက်ယူကာ  e-ID Database အတွင်း    သိမ်းဆည်းပြီး  ဂဏန်း ၁၀ လုံးပါဝင်သည့် Unique ID နံပါတ်     သတ်မှတ်ထုတ်ပေး လျက်ရှိရာ   တနင်္သာရီတိုင်းဒေသ ကြီးအနေဖြင့် လူဦးရေရှစ်သောင်း ကျော်ခန့်ကို    ကောက်ယူပြီးစီးပြီ ဖြစ်ပါကြောင်း၊  ယင်းလုပ်ငန်းစဉ် ကိုလည်း ပန်းခင်းစီမံချက်နှင့်အတူ နိုင်ငံသားကတ်       ရှိပြီးသူများ နှင့်   နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားသူများပါ    ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့်     ပြည်လုံးကျွတ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ         အတွင်း ကောက်ယူမည်ဖြစ်ရာ တိုင်းဒေသ ကြီး၊  ခရိုင်၊  မြို့နယ်၊  ရပ်ကွက်၊ ကျေးရွာ  ကော်မတီအဆင့်ဆင့်က အောင်မြင်စွာ  ကောက်ယူနိုင်ရေး ကြိုးပမ်း       ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း   ရှင်းလင်းပြော ကြားသည်။ 
ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်က         လုပ်ငန်းများ အောင်မြင်ရေးအတွက်  ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ နှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြ သည်။
အမှာစကားပြောကြား 
ယင်းနောက်    တက်ရောက် လာကြသူများက     လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို    ရှင်းလင်း တင်ပြကြရာ      ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်း       ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား  ပြောကြား သည်။  
ထိုမှတစ်ဆင့်  ပြည်ထောင်စု ဝန်ကြီးသည်           ထားဝယ်မြို့ သာသနာ့ဗိမာန်၌ ထားဝယ်မြို့နယ် ဦးစီးမှူးရုံး      ဝန်ထမ်းများက မြို့နယ်အတွင်းရှိ  ဒေသခံပြည်သူ များအား  ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြား   ဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ်အတွက် Biographic / Biometric      ကောက်ယူခြင်း လုပ်ငန်းတို့ကို One Stop Service ဖြင့်           ဆောင်ရွက်ပေးနေမှုကို လှည့်လည်ကြည့်ရှုပြီး  (အပေါ်ပုံ)လိုအပ်သည်များ      မှာကြားညှိနှိုင်း ဆောင်ရွက်ပေးသည်။ 
အဆိုပါ        အခမ်းအနားတွင် ထားဝယ်မြို့နယ်ရှိ  ဒေသခံပြည်သူ များအနက် နိုင်ငံသားကတ်ပြား မရှိသေးသူများကို ပန်းခင်းစီမံချက်  အဆင့်(၃)ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြား    ဆောင်ရွက်ထုတ်ပေး ပြီးနောက် နိုင်ငံသားကတ်ရှိပြီးသူများနှင့်အတူ    Biographic   နှင့် Biometric   များ   ကောက်ယူကာ e-ID   စနစ်အတွက်   ဂဏန်း  ၁၀ လုံးပါ Unique ID နံပါတ် ထုတ်ပေး ခြင်းလုပ်ငန်းကို တစ်နေရာတည်း တွင် တစ်ပါတည်း ဆောင်ရွက်ပေး ခြင်းဖြစ်ရာ   နိုင်ငံသားကတ်မရှိ သေးသူ ၁၇ ဦးအား နိုင်ငံသား ကတ်ထုတ်ပေးခဲ့ပြီး နိုင်ငံသား ကတ်ရှိပြီးသူ     ၄၅ ဦးနှင့်အတူ စုစုပေါင်း ၆၂ ဦးအား  e-ID စနစ် ဆောင်ရွက်ပေးပြီး    Unique  ID နံပါတ်များ ထုတ်ပေးနိုင်ခဲ့သည်။ 
ထောက်ပံ့ငွေများပေးအပ်
ထို့နောက်      ပြည်ထောင်စု ဝန်ကြီးသည် တနင်္သာရီတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရိပ်သာ၌     တိုင်း၊ ခရိုင်၊     မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ ကို          လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ခဲ့ပြီး ဝန်ထမ်း စားရိပ်သာအတွက်  ထောက်ပံ့ငွေ များနှင့်      စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 
ဖြည့်ဆည်းဆောင်ရွက်
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်    တိုင်းဒေသကြီး အစိုးရအဖွဲ့ရိပ်သာ၌ပင် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ  လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအား တွေ့ဆုံ၍ လိုအပ်သည်များညှိနှိုင်း ဖြည့်ဆည်း         ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။  
သတင်းစဉ်