“ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲကို မြန်မာ့ရုပ်မြင်သံကြား၌ ဆက်လက်ပြသမည်

 

နေပြည်တော်   မတ်    ၁၅
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Live Show  အစီအစဉ်ဆန်းသစ်မှုအဖြစ် မတ်လ ၂၇ ရက်တွင် ရောက်ရှိမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ပြည်ချစ် သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲအစီအစဉ်ကို ဖေဖော်ဝါရီ ၂၄ ရက်မှ မတ်  ၂၄  ရက်အထိ ပွဲစဉ်(၅)ခုဖြင့် အပတ်စဉ်  သောကြာနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ  ထုတ်လွှင့်ပြသ လျက်ရှိသည်။
အဆိုပါ အစီအစဉ်ကို “မြန်မာ့အသံတေးဂီတ” အဖွဲ့၏  တီးခတ်မှုနှင့် အတူ   မူရင်းတေးသံရှင်များ၊ နာမည်ကျော်တေးသံရှင်များ၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းအဆိုရှင်များနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော် များမှ   တေးသံရှင်များ  ပါဝင်သီဆိုလျက်ရှိရာ  မတ်  ၁၇  ရက်တွင်  တင်ဆက်မည့်   ပွဲစဉ် (၄) တွင် ရသ၊  စိုးသီဟ၊ ကောင်းမိုးယံ၊ ဆုရည်၊ နန်းစန္ဒီ၊ ချိုမီမီဇော်၊ မြတ်နိုးစံ၊ ပပအောင်၊ မေသူမျိုးနှင့် ဝမ်းကေဇင်တို့ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်းနှင့်    ထိုသို့  တင်ဆက်မှုကို မတ် ၁၉ ရက်(တနင်္ဂနွေနေ့)နံနက် ၁၀နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း သိရသည်။                                          သတင်းစဉ်