ပညာသင်ကြားမည့် ကျောင်းနေအရွယ် ကလေးသူငယ်များကို ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် စာသင်ကျောင်းများအား  ပျက်စီးစေရန် အကြမ်းဖက်သမားများက စာသင်ကျောင်းများ၌ ဖောက်ခွဲဖျက်ဆီးခြင်းများပြုလုပ်

 

 

နေပြည်တော်  နိုဝင်ဘာ   ၁


အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့်  PDF အကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်တိုက်ခိုက်မှုများ၊ နေအိမ်များ၊ လမ်းတံတားများနှင့် ပြည်သူပိုင်ရုံး၊ ဌာနအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှုများအပြင် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကိုပါ ဗုံးထောင်၊ ဖောက်ခွဲ၊ ဖျက်ဆီးမှုများအထိ လုပ်ဆောင်လျက်ရှိကြသည်။
ထိုသို့  လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာ  ၃၁  ရက်    ညနေ ၆ နာရီ  မိနစ် ၅၀ ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး     ချောင်းဦးမြို့ မြို့မရပ်ကွက်    ကုတိုးကုံးရပ်ရှိ အမှတ်(၁) အခြေခံပညာမူလတန်း ကျောင်းအနီး လမ်းပေါ်၌ အကြမ်း ဖက်သမားတစ်ဦးက မိုင်းထောင် နေစဉ်   ပေါက်ကွဲမှု   ဖြစ်ပွားခဲ့ ကြောင်း   သိရှိရသဖြင့်  အဆိုပါ နေရာသို့    လုံခြုံရေးတပ်ဖွဲ့ဝင် များက    သွားရောက်စစ်ဆေးခဲ့ ရာ   ပေါက်ကွဲမှုကြောင့်   ထိခိုက် ဒဏ်ရာများရရှိ၍      သေဆုံးနေ သည့် အကြမ်းဖက်သမားတစ်ဦး ကို    တွေ့ရှိရပြီး    ၎င်းအနီးမှ လက်ကိုင်ဖုန်းတစ်လုံးကို   သိမ်း ဆည်းရမိခဲ့ကြောင်းနှင့်  ပေါက်ကွဲ မှုကြောင့်    ကျောင်းဆောင်၏ မျက်နှာကြက်များနှင့်  ပြတင်း ပေါက်   တံခါးမှန်များ   ကွဲအက် ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ     ယနေ့    မွန်းလွဲ ၁  နာရီခန့်တွင်    ရန်ကုန်တိုင်း ဒေသကြီး  ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက်အတွင်း ပေါက်ကွဲ သံ နှစ်ကြိမ်ကြားရသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ    ဗားကရာလမ်းရှိ အခြေခံပညာ     အထက်တန်း ကျောင်း (ကြည့်မြင်တိုင်)ရှေ့လမ်း ဘေး၌ ပေါက်ကွဲထားသော ဖုန်း အပိုင်းအစများ၊ PVC ပိုက် အပိုင်း အစများနှင့် ဆားကစ်ပြား အပိုင်း အစများကို  သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ    ထိခိုက်မှု   မရှိ ကြောင်း သိရသည်။
အဆိုပါ    ဖြစ်စဉ်များအရ ကျောင်းနေအရွယ် ကလေးသူငယ် များ စာသင်နှစ် နောက်ကျမှု မရှိ စေဘဲ   ပညာသင်ကြားနိုင်ရေး အတွက်   နိုင်ငံတော်က  စာသင် ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့် အညီ   ပြန်လည်ဖွင့်လှစ်မည်ကို မလိုလားသည့် အကြမ်းဖက်သမား များက   ကလေးသူငယ်များကို ကြောက်ရွံ့ထိတ်လန့်စေရန်နှင့် ပညာသင်ကြားသည့်  အဆောက် အဦများ ထိခိုက်ပျက်စီးစေသည် အထိပါ    အကြမ်းဖက်လုပ်ရပ် များကို ဆောင်ရွက်လာကြောင်း တွေ့ရှိရသဖြင့်    မြို့/ ရွာ   အမြန် ဆုံး      အေးချမ်းတည်ငြိမ်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်အတူ မိဘပြည်သူတစ်ရပ်လုံး က ပူးပေါင်းဆောင်ရွက် တွန်းလှန် နိုင်ပါရန် မေတ္တာရပ်ခံကြောင်းနှင့် အကြမ်းဖက်သူများကို  အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိပြီး       တရားဥပဒေနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။                သတင်းစဉ်