ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ကျောင်းသုံးစာအုပ်များ ပုံနှိပ်ထုတ်လုပ်နေမှု ကြည့်ရှုစစ်ဆေး

 

မန္တလေး   မတ်   ၁


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး   ဦးရဲတင့်သည်    ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ ပုံနှိပ် ရေးနှင့်     ထုတ်‌ဝေရေးဦးစီးဌာန  ပုံနှိပ်စက်ရုံသို့        ရောက်ရှိပြီး ကျောင်းသုံးစာအုပ်များ      ပုံနှိပ် ထုတ်လုပ်နေမှုကို        ကြည့်ရှု စစ်ဆေးသည်။

 


ထို့နောက်     စက်ရုံမှူးနှင့် အရာထမ်း၊     ဝန်ထမ်းများအား တွေ့ဆုံ၍ ပုံနှိပ်ထုတ်လုပ်မှုအရည် အသွေး ကောင်းမွန်ရေး၊ ကုန်ကြမ်း ပစ္စည်းများ အလေအလွင့်မရှိစေ ရေး၊ မီးဘေးလုံခြုံရေးနှင့် လုပ်ငန်း ခွင်လုံခြုံရေးတို့ကို     အလေးထား ဆောင်ရွက်ရေး၊   နိုင်ငံ့ဝန်ထမ်း ကောင်းပီသစွာ စည်းလုံးညီညွတ် စွာ    တာဝန်ထမ်းဆောင်ကြရေး တို့ကို မှာကြားသည်။

 


မွန်းလွဲပိုင်းတွင်   တိုင်းဒေသ ကြီး   ပြန်ကြားရေးနှင့်   ပြည်သူ့  ဆက်ဆံရေးဦးစီးဌာနရုံး၌  တိုင်း ဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်း များ၊    စစ်ကိုင်းခရိုင်   ပြန်ကြား ရေးနှင့်        ပြည်သူ့ဆက်ဆံရေး ဦးစီးမှူး၊     စစ်ကိုင်းဇုန်ထပ်ဆင့် လွှင့်စက်ရုံများ ဇုန်နယ် တာဝန်ခံ၊ ပုံနှိပ်စက်ရုံ   စက်ရုံမှူး၊ ကိုယ်ပွား သတင်းစာတိုက်     တာဝန်ခံနှင့်  စာပေဗိမာန်  စာကြည့်တိုက်မှူး တို့အား တွေ့ဆုံ၍  မိမိတို့လုပ်ငန်း များ တိုးတက်အောင်မြင်အောင်        စည်းလုံးညီညွတ်စွာ  ဆောင်ရွက် ရန်၊ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း     ကျောင်းသား လူငယ်များအား  အသိပညာပေး ခြင်းများကို     တိုးမြှင့်ဆောင်ရွက် ရန်၊    လာမည့်နှစ်      စာသင် ကျောင်းများ ဖွင့်သည့်ကာလတွင်   ကျောင်းနေအရွယ် ကလေးတိုင်း     ကျောင်းအပ်နှံနိုင်ရေး    လှုံဆော် ပညာပေးရန်၊ KG + 9         အောင်မြင် ပြီးပါက ခရိုင်  ၅၀ တွင် ဖွင့်လှစ် ထားသော  စိုက်ပျိုးရေး၊ မွေးမြူ ရေး၊   စက်မှုလက်မှု    အသက် မွေးဝမ်းကျောင်း    ပညာရပ်များ ဆက်လက်      သင်ကြားနိုင်ခွင့် နှင့်    ထူးချွန်စွာ   အောင်မြင်ပါက    သက်ဆိုင်ရာသိပ္ပံများ၊ တက္ကသိုလ် များသို့  ဆက်လက်သင်ကြားနိုင် ခွင့်ရှိကြောင်း အသိ ပညာပေးရန်၊     သတင်းစာများ    အရေအသွေး     ကောင်းမွန်ရေး နှင့်     အချိန်မီ    ဖြန့်ဝေနိုင်ရေး    ဆောင်ရွက်ရန်၊    နိုင်ငံ့ဝန်ထမ်းကောင်း    ပီသစွာ တာဝန်ကို ကျေပွန်စွာထမ်းဆောင် ကြစေရန် မှာကြားသည်။    

 
သတင်းစဉ်