ပြန်ကြားရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ်အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

 

နေပြည်တော်     စက်တင်ဘာ    ၁၅


ပြည်ပနိုင်ငံများ၌ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် လေ့လာရေးခရီးစဉ်များသွားရောက်ပြီး ပြန်လည်  ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။


အတွေ့အကြုံ ရှင်းလင်းပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်း အတွင်းဝန်     ဦးမျိုးမြင့်မောင်၊  ဌာနဆိုင်ရာ     အကြီးအကဲများ၊ တာဝန်ရှိသူများ၊    ဝန်ထမ်းများ တက်ရောက်ကြသည်။


ဦးစွာ   အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မိမိတို့ လေ့လာ သင်ယူခဲ့ရသည့် နိုင်ငံတကာအတွေ့  အကြုံ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့  အကြုံများကို         အများစိတ်ဝင် စားဖွယ်   ပြန်လည်ဆွေးနွေးကြ ရန်နှင့် တက်ရောက်နားထောင်သူ  များအနေဖြင့်   အကျိုးရှိထိရောက် အောင်      သိရှိလိုသည်များကို မေးမြန်း     ဆွေးနွေးကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက်ဝန်ကြီးရုံးမှ ဒုတိယ  အမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော် က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ၌ကျင်းပသည့် သတင်းတု၊ သတင်း မှားတိုက်ဖျက်ရေး      လမ်းညွှန် ချက်များ   ထုတ်ပြန်ခြင်းဆိုင်ရာ  ဖွံ့ဖြိုးရေးအလုပ်ရုံ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့ အကြုံကိုလည်းကောင်း၊   မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ အင်ဂျင်နီယာချုပ်  ဦးကျော်ရွှေက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ၌    ကျင်းပသည့်  ၂၀၂၃ ခုနှစ် အာရှ-ပစိဖိတ်ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ         အဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်စနစ် ရုပ်သံထုတ်လွှင့်မှု  ညီလာခံသို့  ပါဝင်တက်ရောက်ခဲ့ သည့်     အတွေ့အကြုံကိုလည်း ကောင်း၊  မြန်မာ့အသံနှင့်  ရုပ်မြင် သံကြားမှ    ရုပ်သံကျွမ်းကျင်(၂) ဦးရဲအောင်က  ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌       ကျင်းပသည့် အာဆီယံ         သတင်းသမားများ လေ့လာရေးခရီးစဉ်သို့     ပါဝင်ခဲ့ သည့်        အတွေ့အကြုံကိုလည်း ကောင်း        ရှင်းလင်းတင်ပြကြ သည်။


ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်   ဦးမျိုးမြင့်အောင်က အင်ဒိုနီးရှားနိုင်ငံ  ဘာလီမြို့၌ ကျင်းပ   သည့်     အာဆီယံ - ဩစတြေးလျ နယ်မြေ     ဖြတ်ကျော်အကြမ်း ဖက်မှုနှိမ်နင်းရေးဆိုင်ရာ လုပ်ငန်း အဖွဲ့ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ခဲ့သည့် အတွေ့အကြုံ ကိုလည်းကောင်း၊    မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန      ဒုတိယ  ညွှန်ကြားရေးမှူးချုပ် ဦးဇေယျာ က  အင်ဒိုနီးရှားနိုင်ငံ   ဘာလီမြို့ ၌     ကျင်းပသည့်   (၁၈)ကြိမ် မြောက်      အာရှသတင်းမီဒီယာ ထိပ်သီးအစည်းအဝေးသို့   ပါဝင် တက်ရောက်ခဲ့သည့် အတွေ့အကြုံ ကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ     လက်ထောက် အင်ဂျင်နီယာ   ဦးကျော်လွင်စိုးက အင်ဒိုနီးရှားနိုင်ငံ     ဘာလီမြို့၌ ကျင်းပသည့်   (၁၈)ကြိမ်မြောက် အာရှသတင်းမီဒီယာ    ထိပ်သီး အစည်းအဝေးနှင့်    အကြိုညှိနှိုင်း အစည်းအဝေးသို့   တက်ရောက်ခဲ့ သည့်        အတွေ့အကြုံကိုလည်း ကောင်း     ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်း များက          သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။ 


ဆက်လက်၍   ဒုတိယဝန်ကြီး ဦးရဲတင့်က  ဝန်ထမ်းများ လုပ်ငန်း ပိုင်းဆိုင်ရာ  အသိအမြင်ဗဟုသုတ ကြွယ်ဝရေးအတွက် ပြည်ပခရီးစဉ်  များကို စေလွှတ်လျက်ရှိကြောင်း၊ ထိုသို့စေလွှတ်ရာတွင် အချိန်အား၊ ငွေအား၊  လူအား ရင်းနှီးပေးဆပ် ရသဖြင့်  ထိုက်တန်သည့်အကျိုး ကျေးဇူးများရရှိအောင် စွမ်းဆောင် ကြိုးပမ်းကြစေလိုကြောင်း၊ သွားရ  သည့် ခရီး၏   အကျိုးရလဒ်အဖြစ် မိမိအတွက်၊  ဌာနအတွက်၊ နိုင်ငံ အတွက်    ရလဒ်ကောင်းများရရှိ အောင်၊   လုပ်ငန်းခွင်ပိုမိုတိုးတက် ရေးအတွက်          တီထွင်ဖန်တီး လုပ်ကိုင်နိုင်အောင်   ကြိုးစားကြ ရန်   မှာကြားလိုကြောင်း၊ တက် ရောက်   နားထောင်သူများအနေ ဖြင့်လည်း    သိသင့်သိထိုက်သည် များ၊ သိရှိလိုသည်များကို မေးမြန်း ကြခြင်းဖြင့် ပိုမိုအကျိုးရှိထိရောက်  အောင်     ဆောင်ရွက်ကြစေလို ကြောင်း      နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။    


သတင်းစဉ်