ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားများ နေပြည်တော် MRTV တွင် လေ့လာ

 

နေပြည်တော်   ဩဂုတ်  ၁၁


ပြန်ကြားရေးဝန်ကြီးဌာန   ပြန်ကြားရေးနှင့်   ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၃၁ ဦး တို့သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်  တပ်ကုန်းရှိ မြန်မာ့အသံနှင့်  ရုပ်မြင်သံကြားတွင်  ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတု  ပြတိုက်တို့တွင် လေ့လာကြသည်။


အဆိုပါ လေ့လာရေးအဖွဲ့ဝင်များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထား သည့်  ခေတ်အဆက်ဆက်  ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့် စက်ပစ္စည်းများ၊  တိုက်ရိုက်ထုတ်လွှင့်ရေး  မော်တော်ယာဉ်များ၊   သတင်းတင်ဆက်မှု  ပုံစံငယ်များ၊  ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့်  အစီအစဉ် များတွင် ပါဝင်ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊  သတင်းစတူဒီယိုခန်းများ၊  ရေဒီယို အစီအစဉ်တွင်  အသုံးပြုခဲ့သည့်  ခေတ်ဟောင်းဓာတ်ပြား များနှင့် အခြားအသုံးအဆောင် ပစ္စည်းများစသည့် စုစုပေါင်း ပြခန်း  ၄၀  တွင်  ခင်းကျင်းပြသထားမှုများအပြင် ပင်မ  အဆောက်အအုံအတွင်း ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများအား လှည့်လည်ကြည့်ရှုလေ့လာကြရာ     တာဝန်ရှိသူများက ရှင်းလင်းဖြေကြားကြသည်။


အဆိုပါ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  သင်တန်းသား  သင်တန်းသူများသည်  လုပ်ငန်းခွင်အကြို လေ့ကျင့်ရေးသင်တန်း  (၁/၂၀၂၃)ကို  ဩဂုတ်  ၇  ရက်မှ ၂၅ ရက်အထိ တက်ရောက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာဒေသ အသီးသီးသို့ ပြန်လည်မထွက်ခွာမီ မြန်မာ့အသံနှင့်  ရုပ်မြင် သံကြားသို့ လာရောက်ပြီး ရုပ်သံထုတ်လွှင့်မှုများကို  လေ့လာ ကြခြင်းဖြစ်သည်။                                        

သတင်းစဉ်