ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ ၂၃ 


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်တွင်  ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ   ဘိန်းဖြူ   ၄၄ ကီလို       ဖမ်းဆီးရမိခဲ့ကြောင်း  မြန်မာနိုင်ငံ    ရဲတပ်ဖွဲ့မှ     သိရ သည်။ 

 


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ      တပ်ဖွဲ့ဝင်များ ပါဝင်သော    ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်     ပြင်ဦးလွင်-မန္တလေးသွား          ကားလမ်း အောင်ချမ်းသာ  ကျေးရွာအနီးတွင် မိုးကုတ်မှ      ပြင်ဦးလွင်ဘက်သို့ ထွန်းနိုင်ဦး(ခ)ထွန်းနိုင်  မောင်းနှင် ပြီး   လှမြင့်    လိုက်ပါလာသည့် Canter ၆ ဘီး  မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီ ယံတန်ဖိုးရှိ  ဘိန်းဖြူ   ၄၄  ကီလို သိမ်းဆည်းရမိခဲ့ပြီး  စစ်ဆေးချက် အရ မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင် မြို့နယ်   အောင်ချမ်းသာကျေးရွာ တွင်  ဘိန်းဖြူများ သယ်ဆောင်ရာ ၌  ပူးပေါင်းပါဝင်သူ မခင်အေးဝိုင်း (ခ)ခင်ဝိုင်းအား  ထပ်မံဖမ်းဆီးရမိခဲ့ ကြောင်း၊  စစ်ဆေးဖော်ထုတ်ချက် အရ    သိမ်းဆည်းရမိဘိန်းဖြူများ ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ     မန္တလေးတိုင်း      ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့်   ၎င်းတို့အား  ဥပဒေအရ အရေးယူထားရှိပြီး     ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို   ဆက် လက်  စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။  

 

သတင်းစဉ်