ပြင်ဦးလွင်မြို့နယ်တွင် ဗဟုဇနသုခဆုတောင်းပြည့်စေတီတော်နှင့်သုံးထပ်သမ္မတ ဗုဒ္ဓဓမ္မဗိမာန်တော်ကြီးဖွင့်လှစ်

ရန်ကုန်   အောက်တိုဘာ   ၆ 


မန္တလေးတိုင်းဒေသကြီး    ပြင်ဦး လွင်မြို့နယ်      အောင်ချမ်းသာ ကျေးရွာတွင်   တည်ဆောက်ပြီး စီးခဲ့သော ဗဟုဇနသုခဆုတောင်း ပြည့်စေတီတော်နှင့်    သုံးထပ် သမ္မတဗုဒ္ဓဓမ္မ    ဗိမာန်တော်ကြီး ရေစက်ချ   အလှူတော်မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ ၃ ရက်က ကျင်းပခဲ့သည်။


ရှေးဦးစွာ    ပုပ္ပါးမြို့ကုမာရာ ရာမကျောင်းတိုက်ပဓာန နာယက ဆရာတော်      အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၊ ရန်ကုန်မြို့   ငါးထပ်ကြီးမြောက် ရပ်ကွက် လိပ်ပြကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း   ဦးစီး ပဓာန      နာယကဆရာတော် အဂ္ဂမဟာ     သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနိမလ၊ အလှူရှင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတ ဓရ ဦးသန်းနိုင်နှင့်ဇနီးအဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ကြည်ကြည်ဆွေ (ရန်ကုန်မြို့ဗဟန်းမြို့နယ် သမ္မတ နိဗ္ဗာန်ကုန်နှင့်       သင်္ကန်းတိုက် မိသားစု)တို့က      ဗဟုဇနသုခ ဆုတောင်းပြည့်စေတီတော်နှင့် သမ္မတ ဗုဒ္ဓဓမ္မဗိမာန်တော်ကြီးကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။   


အဆိုပါ               ဗဟုဇနသုခ ဆုတောင်းပြည့်  စေတီတော်နှင့် သုံးထပ်သမ္မတ ဗုဒ္ဓဓမ္မဗိမာန်တော် ကြီးကို  အလှူရှင် အဂ္ဂမဟာသီရိ သုဓမ္မသိင်္ဂီ    ဒေါ်ကြည်ကြည်ဆွေ က မွေးနေ့မင်္ဂလာအဖြစ် ငွေကျပ် သိန်း  ၂၀၀၀   ကျော် အကုန်အကျခံ ဆောက်တည်ပေးခဲ့ပြီး အလှူရှင် မိသားစုနှင့်   အလှူဒါယကာ၊ အလှူဒါယိကာမများက  သံဃာ တော် အရှင်သူမြတ် ၇၅ ပါးတို့အား ဆွမ်းနှင့်   သင်္ကန်းပရိက္ခရာများ လောင်းလှူခြင်း၊           ကျေးရွာရှိ အိမ်ခြေ ၄၃၇ စုတို့အား ဒံပေါက် ထုပ်နှင့် ဆန်အိတ်များ လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။


အာကာစိုး