ပြင်ဦးလွင် ကော်ဖီတောင်သူများ အထွက်နှုန်းကောင်း၍ ဈေးကောင်းရရန်မျှော်လင့်

ရန်ကုန် ဇူလိုင် ၂ မိုးတွင်းကာလတွင် ကော်ဖီစိုက် လုပ်ငန်းရှင်များအတွက် ခြံကိုဦးစားပေး ဆောင်ရွက်နေကြပြီး လာမည့်ကာလ တွင် စျေးကောင်းရရှိရန် ဆောင်ရွက်နေ ကြောင်း ကော်ဖီစိုက် တောင်သူများထံ မေးမြန်းထားသည့် အချက်အလက်များ အရ သိရသည်။ မိုးရာသီကာလတွင် ကော်ဖီခြံများ အတွင်း ပေါင်းနုတ်ခြင်း၊ မြေစာကျွေးခြင်း များကို လက်ရှိတွင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။ "မိုးတွင်းကျ တော့ ကျွန်တော်တို့က  ခြံတွေကိုဂရုစိုက် ရတဲ့အချိန်ပေါ့ဗျာ။ ဒီတော့  မိုးတွင်း မှာတော့ ခြံလုပ်ငန်းက များတယ်။ ပေါင်းနုတ်တာ၊  ပေါင်းရှင်းတာတွေပေါ့။ အစုံပဲ၊ မြေဩစာ ကျွေးရတာ၊  ဒါကတော့ ခြံစိုက်တဲ့သူတိုင်း လုပ်ရတာပေါ့၊။ ဆောင်းတွင်းဆိုရင် ပေါင်းကျန်ရှင်းတာ လေး၊ ဘာလေးလုပ်လို့ရပေမယ့် မိုးတွင်းကျတော့အပြင်လုပ်သားပါ ထည့် ရတယ်။ မြန်မြန်လုပ်ရတာပေါ့၊။ မိုးလေး ကျနေတုန်းမှာကို ဒီပေါင်း တွေမြန်မြန်ရှင်း၊  မြန်မြန်မြေဩဇာ ကြဲတယ်။ ကျွန်တော်တို့က အချောရော၊ စိုက်ပျိုးတာရော အဓိက တွဲလုပ်တာဆိုတော့ ဒီဘက်မှာ စျေးကွက်ကအေးတော့ အဲဒီဘက်မှာ အလုပ်များနေတာ ပေါ့။ မိုးတွင်းမှာ ဂရုစိုက်မှလည်း ထွက်တဲ့အသီးမှာ စျေးပိုရတယ်၊ အသီးတွေ ထွက်အားကောင်း မယ်”ဟု ပြင်ဦးလွင်မြို့နယ်မှ KK သဘာဝနှပ်ကော်ဖီနှင့် ကော်ဖီစေ့ ရောင်းဝယ်ရေး လုပ်ကိုင်ပြီး ကိုယ်တိုင်လည်း ကော်ဖီစိုက်ပျိုး ရေးခြံလုပ်ကိုင်သူ မခိုင်ခိုင်က ဆိုသည်။ ယခုနှစ်အတွင်း ထုပ်ပိုးပြီး ကော်ဖီများ စျေးကောင်းနေသော် လည်း ကော်ဖီကုန်ကြမ်းစျေး ငြိမ်နေကာ စျေးကွက်အေး သည့် အနေအထားရှိကြောင်း လည်း သိရသည်။ “ပြင်ဦးလွင် ကော်ဖီဈေးကွက် က ဧည့်သည်များတဲ့ အချိန်ဆို ကောင်းတာပေါ့။ ဆိုင်တင်ရတာ လည်း အရင်နဲ့မတူဘူး။ ဈေးကွက် ကတော့ ဒီနှစ်တွင်းအေးတယ်။ ဒီမှာက ကော်ဖီဈေးက  တအား မတက်ဘူး။ အခြားပါကင် ထုပ်လုပ်မှုမှာ ကုန်ကျစရိတ်တွေ က တက်တာ” ဟု မခိုင်ခိုင်က ဆက်လက်ပြောဆိုသည်။ Thit Taw