ပြင်သစ်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပဉ္စမလှိုင်းအရှိန်မြင့်တက်လာနိုင်မှုနှင့် ကြုံတွေ့ရနိုင်

ပါရီ နိုဝင်ဘာ ၁၇


ပြင်သစ်နိုင်ငံ၌ လာမည့်သီတင်းပတ်များ အတွင်း    ကိုဗစ်-၁၉  ရောဂါကူးစက်မှု ပဉ္စမလှိုင်း     အရှိန်မြင့်တက်လာမှုနှင့် တွေ့ကြုံရနိုင်ကြောင်း  ပြင်သစ်အစိုးရ ဆေးသိပ္ပံအကြံပေးကောင်စီအကြီးအကဲ ယွန်ဖရန်ကို့စ်ဒီဖရီဆီက      ယနေ့တွင် သတိပေးပြောကြားသည်။ 


ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပဉ္စမလှိုင်း သည်   အောက်တိုဘာလအတွင်းကပင် နိုင်ငံအတွင်း   စတင်ဖြစ်ပွားခဲ့ကြောင်း ဖရန့်အင်တာရေဒီယို အသံလွှင့်ဌာနသို့ ၎င်းကပြောကြားသည်။ မိမိတို့သည် နိုင်ငံ အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသူများအား  ကာကွယ် ဆေးထိုးနှံပေးခြင်း၊  ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံရန်လိုအပ် သူများအား ထိုးနှံပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး ခွင့်ပြုချက် အက်ပလီကေးရှင်းအား  အသုံးပြုခြင်းတို့ ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်း များအား ဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားသည်။ 


ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပဉ္စမလှိုင်း သည်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်အား အခက်အခဲများနှင့် ရင်ဆိုင်ရစေ နိုင်မည်ဖြစ်ပြီး     ဒီဇင်ဘာလမှစတင်၍ တစ်နေ့လျှင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၄၀၀ ခန့်ရှိလာနိုင် ကြောင်း  ပြောကြားသည်။  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် ကိုဗစ်-၁၉ ရောဂါကြောင့် အပြင်းအထန် နာမကျန်း ဖြစ်မှုကို လျှော့ချနိုင်ပြီး  နိုင်ငံအတွင်း လက်ရှိအချိန်တွင် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊  Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး၊ Johnson & Johnson ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှင့်  AstraZeneca     ကိုဗစ်-၁၉     ရောဂါ ကာကွယ်ဆေးများအား သုံးစွဲရန်အတည် ပြုထားကြောင်း သိရသည်။ 


နိုင်ငံအတွင်း လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ  ၇ ဒသမ ၃၁ သန်းကျော်ရှိကြောင်း သိရသည်။          

    
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ