ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် သတိပေးချက်ထုတ်ပြန်

 

 

 

 

နေပြည်တော် မတ် ၂၃

 

တပ်မတော်(ရေ)  စစ်ရေယာဉ်များသည် မတ်လ ၂၇ ရက်နေ့မှ  ဧပြီလ (၆)ရက်အတွင်း ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက် များ လေ့ကျင့်ပစ်ခတ်ခြင်းများအား မာန်အောင် ကျွန်းအနောက်ဘက် ရေပြင်တွင် လေ့ကျင့်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။ လေ့ကျင့် ခန်း ဧရိယာအဖြစ် Point AA မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ဝဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ်၊ Point BB မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ဝဝ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅ မိနစ်၊ Point CC မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ‘ဒီဂရီ ၁၅ မိနစ်၊ Point DD မြောက်လတ္တီတွဒ် ၁၈ ‘ဒီဂရီ ၂၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိ ပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်း သတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီး ဖြစ်သည်။

 

သို့ဖြစ်ပါ၍   လေ့ကျင့်ခန်းဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက်   အဆိုပါ ဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊  ကုန်တင်စက်လှေများ၊   ငါးဖမ်းသင်္ဘောများ၊  စက်တပ်သမ္ဗန်များ  ဖြတ် သန်းသွားလာခြင်း၊  ကျောက်ချရပ်နားခြင်း၊ ငါးဖမ်း ခြင်း၊   ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန် နှင့် လေယာဉ်၊ ရဟတ်ယာဉ်များအမြင့်ပေ ၁၅ဝဝဝ အောက်  ဖြတ်ကျော်ပျံသန်းခြင်း  မပြုကြရန်  အသိပေးကြေညာအပ်ပါသည်။
(သတင်းစဉ်)