ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် သတိပေးချက်ထုတ်ပြန်

နေပြည်တော် မတ် ၂၁

 

တပ်မတော်(ရေ) စစ်ရေယာဉ်များသည် မတ် ၂၇ ရက်မှဧပြီ ၆ ရက်အတွင်း ပင်လယ်ပြင်လက် တွေ့လေ့ကျင့်ခန်းနှင့်   လက်နက်များလေ့ကျင့် ပစ်ခတ်ခြင်းများအား မာန်အောင်ကျွန်းအနောက် ဘက်ရေပြင်တွင်  လေ့ကျင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

လေ့ကျင့်ခန်းဧရိယာအဖြစ် Point AA မြောက် လတ္တီတွဒ်  ၁၉ဒီဂရီ ဝဝမိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၁၅မိနစ်၊ Point BB  မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ဝဝမိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅မိနစ်၊ Point CC မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၂၅မိနစ် ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၁၅မိနစ်၊ Point DD မြောက်လတ္တီတွဒ် ၁၈ဒီဂရီ ၂၅မိနစ်၊ အရှေ့လောင် ဂျီတွဒ် ၉၂ ဒီဂရီ ၁၅မိနစ်စသည့် Coordinates အမှတ်များအား ဆက်ဆွဲထား သည့်ဧရိယာအားသတ်မှတ်ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား ထုတ်ပြန်ကြေညာထားရှိပြီးဖြစ်သည်။

 

သို့ဖြစ်ရာ လေ့ကျင့်ခန်းဆောင်ရွက်စဉ်ကာလ အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါ ဧရိယာမှ ၅ မိုင် ပတ်လည်အား သင်္ဘော ကြီး။ငယ်များ၊  ကုန်တင်စက်လှေများ၊  ငါးဖမ်း သင်္ဘောများ ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွား လာခြင်း၊  ကျောက်ချရပ်နားခြင်း၊  ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း   မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ  အမြင့်ပေ ၁၅ဝဝဝ (တစ်သောင်းငါးထောင်)အောက်  ဖြတ်ကျော် ပျံသန်းခြင်းမပြုကြရန်    အသိပေးကြေညာထား ကြောင်း သိရှိရသည်။
(သတင်းစဉ်)