
ပင်လုံ အောက်တိုဘာ ၁
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ်အတွင်း နေကြာစိုက်ပျိုးလျက် ရှိသော တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ယူရီးယား ဓာတ်မြေသြဇာများကို စက်တင်ဘာ ၂၉ ရက်က ဖြန့်ဖြူးပေးအပ်သည်။
ဓာတ်မြေဩဇာများ ပေးအပ်ရာတွင် လွိုင်လင်ခရိုင် စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးမိုးနိုင်က အမှာစကားပြောကြားပြီး ပင်လုံမြို့နယ် စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်စိုးမိုးက ပင်လုံမြို့နယ်အတွင်း နေကြာစိုက်ပျိုးလျက် ရှိသော တောင်သူများ၏ နေကြာစိုက်ပျိုးမှုလျာထားချက်ဧက ၄၃၄ ဧက ပြည့်မီရန်နှင့် စိုက်ပျိုးပြီးစီးမှုအတွက် ဓာတ်မြေသြဇာဖြန့်ဖြူးပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ယူရီးယားဓာတ်မြေသြဇာများကို ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ကျေးရွာအုပ်စု ခုနစ်စုမှ တောင်သူများထံ ဖြန့်ဖြူး ပေးအပ်ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
မြို့နယ်(ပြန်/ဆက်)