ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်- ၁၉ ကူးစက်ရောဂါကာလအတွင်း အွန်လိုင်းမှတစ်ဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု အကြိမ် ၃၀၀ ရှိပြီဖြစ်

 

ညောင်ဦး  ဒီဇင်ဘာ  ၂၂


မန္တလေးတိုင်းဒေသကြီး ညောင်ဦး မြို့နယ်    မြင်းခြံ-ပခုက္ကူကား လမ်းမကြီးဘေး အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်း ဘေးတွင်   ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ   ဆင်စခန်း ကို ကိုဗစ်- ၁၉ ရောဂါ ကာလ အတွင်း မြန်မာပြည်အရပ်ရပ်မှ  ဆင်ချစ်သူများက   အွန်လိုင်းမှ တစ်ဆင့် ဆက်သွယ်၍         ဆင်စာ ဘူဖေးကျွေးမှုများမှာ     အကြိမ်  ၃၀၀  ရှိ ပြီဖြစ်ကြောင်း      သစ်အုပ် ကြီး    ဒေါ်နိုင်းနိုင်းဧရာထံမှ သိရ သည်။

 


သယံဇာတနှင့်      သဘာဝ ပတ်ဝန်းကျင်        ထိန်းသိမ်းရေး ဝန်ကြီးဌာန  မြန်မာ့သစ်လုပ်ငန်း က ဖွင့်လှစ်ထားရှိသည့်  ပလင်း ကမ်းသာယာ              ဆင်စခန်းကို ကိုဗစ်- ၁၉ ကူးစက် ရောဂါကာလ အတွင်း  မြန်မာပြည်အရပ်ရပ်ရှိဆင်ချစ်သူများက     အွန်လိုင်းမှ တစ်ဆင့် ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလျက်ရှိရာ   ကိုဗစ်-၁၉ ကူးစက်ရောဂါ          ကာလအတွင်း ဆင်စာဘူဖေးကျွေးသူ များပြား လာပြီး        နောက်ထပ် ကျွေးမွေး ရန်    ကြိုတင်ချိတ်ဆက်မှုများ  ရှိနေကြောင်း ၎င်းက      ဆက်လက် ရှင်းပြသည်။

 


မြန်မာနိုင်ငံရှိ  တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင်  ဆင်စခန်း ၂၂ ခုအထိ     ဖွင့်လှစ်ထားရှိပြီး ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်း လိုပါက ဆင်စခန်းအမည်များနှင့် ဆက်သွယ်   လှူဒါန်းနိုင်ကြောင်း၊  ဆင်စာအဖြစ်  ကြံ၊ နေပီယာမြက်၊ ငှက်ပျောသီး၊  ဖရုံသီး၊  ဖရဲသီး၊ သခွားသီး၊ သရက်သီး၊ အုန်းသီး၊      ပြောင်းဖူးများနှင့်          ရာသီပေါ် သီးနှံများအား ကျွေးမွေးကြပြီး   ဆင်စာဘူဖေး   တစ်ခါကျွေးလျှင်     ငွေကျပ်သုံးသောင်းမှ      ငါးသောင်း အထိ လှူဒါန်းကြကာ       တစ်နေ့ စာ          ဆင်ခုနစ်ကောင်အတွက်     ငွေကျပ်    တစ်သိန်း        လှူဒါန်းနိုင် ကြောင်း သိရသည်။

 


ပလင်းကမ်းသာယာ   ဆင် စခန်းသို့   မလာရောက်နိုင်ပါက ဆင်စခန်း လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့်     ဆက်သွယ်  လှူဒါန်းနိုင်ကြောင်း၊     ပလင်း ကမ်းသာယာ  ဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ    ဖုန်း- ၇၉၃၈၂၀၅၃၂ သို့ ဆက်သွယ်    လှူဒါန်းနိုင်ကြောင်း       သိရသည်။
မြို့အခြေပြု   ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုအတွက်    ဖွင့်လှစ်သည့် ဆင်စခန်းများ ကိုဗစ်-၁၉ ကာလ တွင်         ဆင်စာ      အခက်အခဲရှိကာ တောတောင်၊            ရေမြေသဘာဝ အခြေခံဖွင့်လှစ်ထားသည့်   ဆင် စခန်းများရှိ          ဆင်များအတွက် အစာရေစာ       မခက်ခဲကြောင်း၊ ပလင်းကမ်းသာယာ     ဆင်စခန်း ကို ယခုနှစ်   မေလ   ၂၅ ရက်က  ပြန်လည်        ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။  

မောင်မောင်ထိန်
 (ကျောက်ပန်းတောင်း)