
ရာမာလာ ဇန်နဝါရီ ၁၇
ပါလက်စတိုင်းနိုင်ငံ အနောက်ဘက်ကမ်းမြောင်ဒေသ၌ အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀၀ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အနောက်ဘက်ကမ်းမြောင်ဒေသ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများပြားလာပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လာသောကြောင့် အဆိုပါဒေသရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူ များအတွက် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်ရှိနေကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကာမာအယ်လ်ရှက်ကရာက ပြောကြားသည်။
မကြာမီရက်များအတွင်း အဆိုပါဒေသ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ထပ်မံမြင့်တက်လာနိုင်သောကြောင့် ဒေသခံများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးစည်းမျဉ်းများဖြစ်သော နှာခေါင်းစည်းဝတ်ဆင်ရေးနှင့် တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာ နေထိုင်ရေးတို့ကို လိုက်နာဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်း ခဲ့သည်။ အနောက်ဘက်ကမ်းမြောင်ဒေသ၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၄၂ ဦးနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူ သုံးဦးကို ထပ်မံတွေ့ရှိခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ