
ကရာချိ ဧပြီ ၁
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့၌ လူအုပ်ပိမှုကြောင့် ၁၁ ဦးထက် မနည်းသေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးသူများထဲတွင် ကလေး သုံးဦး ပါဝင်သည်ဟုလည်း ယူဆရသည်။ ရာနှင့်ချီသော လူအုပ်ကြီးမှာ ပိုက်ဆံဝေမည်ဟူသော စက်ရုံရှေ့တွင် မတ် ၃၁ ရက်က စုဝေးခဲ့ကြသည်။
သေဆုံးသူများထဲတွင် စက်ရုံဝန်ထမ်းမိသားစုများလည်း ပါဝင်ကြောင်း သိရသည်။
လူအုပ်အတွင်းလဲကျသူများကို နောက်လူများက နင်းမိခြင်းကြောင့် အခြားလူအများအပြားလည်း ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စက်ရုံဝန်ထမ်းအပါအဝင် လူခုနစ်ဦးကို ရဲများက ဖမ်းဆီးထိန်းသိမ်းထားသည်။ ၎င်းတို့မှာ ပိုက်ဆံဝေမည့်အကြောင်း အာဏာပိုင်များသို့ ကြိုတင်အသိပေးထားခြင်းမရှိသည့်အပြင် အဆိုပါ နေရာတွင် သင့်တော်သည့် လုံခြုံရေးအစီအမံများလည်း ပြုလုပ်ထားခြင်း မရှိသည့်အတွက် ဖမ်းဆီးရခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူများထဲတွင် စိုးရိမ်ရသည့် အခြေအနေရှိသူများ ပါဝင်သည့်အတွက် သေဆုံးသူဦးရေမှာလည်း တိုးလာနိုင်ကြောင်း ဆေးရုံသတင်းအရင်းအမြစ်များအရ သိရသည်။ ငွေကြေးမတည်မငြိမ်မှု များကြောင့် ပါကစ္စတန်နိုင်ငံ၏ စီးပွားရေးအခြေအနေမှာ ဖရိုဖရဲဖြစ်နေ သည်။ ဖေဖော်ဝါရီလအတွင်း စားသုံးသူအညွှန်းကိန်းမှာလည်း ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်လျှင် ၃၁ ဒသမ ၅၅ မြင့်မားလာသည် ကို တွေ့ရသည်။
ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်မားလာမှုနှင့်အတူ စားသောက် ကုန်ဈေးနှုန်းများမှာလည်း မြင့်မားလာသည့်အတွက် ပြည်သူများမှာ ရုန်းကန်နေရသည်။ ဆင်းရဲသည့်မိသားစုများကို အစိုးရက ဂျုံမှုန့်များ ဖြန့်ဝေပေးမှု ပြုလုပ်ပေးလျက်ရှိသည်။
အင်န်အိတ်ချ်ကေ