
ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသည် ဂတ်ပိုအား ခေါ်ယူရေးနှင့် ပတ်သက်ပြီး ပီအက်စ်ဗွီအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မန်ယူအသင်းသည် အသက် ၂၃ နှစ် အရွယ် တိုက်စစ်ကစားသမားကို ခေါ်ယူ လိုနေပြီး နယ်သာလန်ကလပ် ပီအက်စ်ဗွီ အသင်းကလည်း ဘဏ္ဍာရေးအခက်အခဲရှိနေခြင်းကြောင့် အဆိုပါ တိုက်စစ်ကစား သမားကို လာမည့်အပြောင်းအရွှေ့ကာလ တွင် ပေါင်သန်း ၅၀ အောက်ဖြင့် ရောင်းထုတ်သွားဖွယ်ရှိနေသည်။
နည်းပြတန်ဟတ်သည် စီရော်နယ်ဒို နှင့် အသင်းကြား နှစ်ဖက်သဘောတူစာချုပ် ဖျက်သိမ်းပြီး နောက် ဂတ်ပိုရောက်ရှိလာ ခြင်းက ရာသီကုန်တွင် အဆင့် (၄) အတွင်း ဖြင့် ရာသီပိတ်သိမ်းနိုင်မည်ဟု ယုံကြည် နေ သည်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုးများရယူနိုင်ခဲ့ သော ဂတ်ပိုအား နာမည်ကြီး ရီးရဲမက် ဒရစ်၊ အာဆင်နယ်နှင့် နယူးကာဆယ် အသင်းတို့ကလည်း ခေါ်ယူရန် စိတ်ဝင် စားနေကြောင်း သိရသည်။
သို့သော်လည်း အခြားသော အသင်း များထက် မန်ယူအသင်းက လက်ဦးမှုရယူ ကာ ဂတ်ပိုကို အိုးထရက်ဖို့ဒ်သို့ ခေါ်ယူ သွားဖွယ်ရှိနေသည်။ ဂတ်ပိုသည် ပီအက်စ်ဗွီအသင်းအတွက် ၁၅၉ ပွဲ ပါဝင် ကစားထားပြီး ၅၅ ဂိုးသွင်းယူပေးထားနိုင် သည်။
အောင်ဇော်