ဖြူးမြို့နယ်ရှိ သံကူကွန်ကရစ်ချောင်းကူးတံတား နှစ်စင်းအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်  ဧပြီ  ၁


ပဲခူးတိုင်းဒေသကြီး   ဖြူးမြို့နယ် ရှိ   သံကူကွန်ကရစ်ချောင်းကူး တံတား နှစ်စင်းအား မတ် ၃၁ ရက် တွင် PDF အမည်ခံ အကြမ်းဖက် အဖွဲ့များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ   မတ်  ၃၁  ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းမြို့  ဘုရားလဟာ ကျေးရွာရှိ အလျား ပေ ၄၀ ၊ အနံ ပေ၂၀ ရှိ မဂျမ်းရိုးတံတား ဒေသ အခေါ်   တူးမြောင်းတံတားနှင့် အလျား ပေ ၈၀ ၊ အနံ ပေ ၂၀  ရှိ သစ်ပတ်ချောင်း  တံတားတို့ကို    PDF အမည်ခံ  အကြမ်းဖက်အဖွဲ့ များက    မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်းနှင့် မိုင်းပေါက် ကွဲမှုကြောင့် မဂျမ်းရိုးတံတားဒေသ အခေါ်    တူးမြောင်းတံတားမှာ အနည်းငယ်ပျက်စီးခဲ့ပြီး  သစ်ပတ် ချောင်းတံတားမှာ     ပျက်စီးမှု ကြောင့်  ယာဉ်များ ဖြတ်သန်းသွား လာ၍မရကြောင်း သိရသည်။

 


ထိုသို့     အများပြည်သူများ သွားလာ      အသုံးပြုလျက်ရှိ သည့် သံကူကွန်ကရစ်ချောင်းကူး တံတားများအား    မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်း ဖက်သမားများအား ဖမ်းဆီးအရေး ယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ က လိုအပ်သည့် လုံခြုံရေးလုပ်ငန်း စဉ်များအား ဆက်လက်ဆောင်ရွက်  လျက်ရှိကြောင်း သတင်းရရှိသည်။  

  
သတင်းစဉ်