ဖွံ့ဖြိုးဆဲနိုင်ငံများသို့ နောက်ထပ် ကိုဗစ်- ၁၉ ကာကွယ်ဆေး သန်း ၅၀၀ လှူဒါန်းပေးသွားမည့် အမေရိကန်

 

နှင်းမိုးအိမ်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ကမ္ဘာ့ခေါင်းဆောင်များနှင့်ပြုလုပ်သည့် ကိုဗစ်-၁၉ ထိပ်သီးအစည်းအဝေး၌  ဖွံ့ဖြိုးဆဲနိုင်ငံများကို  နောက်ထပ် ကိုဗစ်- ၁၉ ကာကွယ်ဆေး သန်း ၅၀၀  လှူဒါန်းပေးသွားမည်ဟု ပြောကြားခဲ့သည်။ 
ကာကွယ်ဆေးအကူအညီပေးသွားမည်
ကပ်ရောဂါကို   ကျော်လွှားနိုင်ရေး အတွက်  ရုန်းကန်နေရသည့်နိုင်ငံများကို ကာကွယ်ဆေး  နောက်ထပ် သန်း ၅၀၀ အကူအညီပေးသွားမည်ဟု  ကုလသမဂ္ဂ အထွေထွေညီလာခံ  တက်ရောက်စဉ်  ပြောကြားခဲ့ခြင်းဖြစ်သည်။     ကိုဗစ်- ၁၉ ကာကွယ်ဆေး    အကျပ်အတည်းမှာ လက်တစ်ကမ်းအလိုတွင်     မြင်တွေ့နေရ သည့်     အကျပ်အတည်းဖြစ်ကြောင်း အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင်က  ပြော ကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ကာကွယ်ဆေး   တစ်ဘီလီယံကျော်ကိုလှူဒါန်းသွားမည်ဟု   ကတိပြုထားရာ ယခု လှူဒါန်းမှုသည်တွန်းအားတစ်ခုပင် ဖြစ်သည်။ လှူဒါန်းလိုက်သည့် ကာကွယ် ဆေးများကို   ကိုဗက်အစီအစဉ်မှတစ်ဆင့် ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ 
ကာကွယ်ဆေးသန်း ၁၆၀ ပေးပို့ပြီးဖြစ် 
နိုင်ငံပေါင်း ၁၀၀ သို့ ကာကွယ်ဆေး အလုံးရေ သန်း ၁၆၀ ပေးပို့ပြီးဖြစ်ကြောင်း ကိုလည်း သမ္မတ ဂျိုးဘိုင်ဒင်က   ပြော သည်။ လှူဒါန်းသွားမည့် ကာကွယ်ဆေး အလုံးရေ   တစ်ဝက်နီးပါးမှာ    ဖိုက်ဇာ ကာကွယ်ဆေးများဖြစ်ပြီး ဝင်ငွေနည်းပါး သည့်နိုင်ငံများနှင့် ဝင်ငွေအလယ်အလတ် ရှိသည့်နိုင်ငံများကို    ကာကွယ်ဆေး လှူဒါန်းသွားမည်ဖြစ်သည်။    ၂၀၂၂ ခုနှစ် စက်တင်ဘာလအရောက်တွင်    နိုင်ငံ တိုင်း   နိုင်ငံတိုင်းတွင်    ကာကွယ်ဆေး ၇၀   ရာခိုင်နှုန်း  ထိုးပေးနိုင်ရန်     ကမ္ဘာ့ ခေါင်းဆောင်များက     စိန်ခေါ်မှုတစ်ခု အဖြစ်      သတ်မှတ်လုပ်ဆောင်ကြရန် လည်း အိမ်ဖြူတော်ကပြောသည်။ 
ဝေဖန်မှုနှင့်ရင်ဆိုင်နေရ 
ဝင်ငွေမြင့်မားသည့်  နိုင်ငံများသည် လည်း     ကိုယ်ပိုင်ရည်မှန်းချက်အတိုင်း လုပ်ဆောင်ကြရန်    သမ္မတဘိုင်ဒင်က ပြောသည်။   အင်အားတစ်ဝက်မျှဖြင့် လက်ရှိကြုံတွေ့နေရသည့်    အကျပ် အတည်းကို   မဖြေရှင်းနိုင်ဟု  သမ္မတ ဘိုင်ဒင်ကပြောသည်။   
အမေရိကန်နှင့်အခြားသောချမ်းသာကြွယ်ဝသည့်နိုင်ငံများသည်  သက်ကြီး ရွယ်အိုများနှင့်  အခြားသောထိခိုက်လွယ် သည့်    လူများကို   တတိယအကြိမ် ကာကွယ်ဆေးထိုးရန်    စီစဉ်ခဲ့သည့် အတွက်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။ 
ခွင့်ပြုချက်ပေး 
အမေရိကန်    အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး  (အက်ဖ်ဒီအေ)   က  တတိယအကြိမ်   ကာကွယ်ဆေးထိုးရန် အတွက်    ဖိုက်ဇာကာကွယ်ဆေးကို ခွင့်ပြုချက်ပေးခဲ့သည်။   တတိယအကြိမ် ကာကွယ်ဆေးထိုးရန်  ခွင့်ပြုချက်ရသူ များမှာ   အသက် ၆၅ နှစ်နှင့်အထက် သို့မဟုတ်  အသက် ၁၈ နှစ်နှင့်အထက် ဆိုးဆိုးရွားရွား ဖျားနာသူနှင့် ဗိုင်းရပ်စ်နှင့် နီးကပ်မှုရှိသူတို့ကို    ထိုးပေးရမည်ဟု သိရသည်။ စက်တင်ဘာ ၂၂ ရက်တွင်   အဆိုပါ    ကာကွယ်ဆေးကို   အရေးပေါ် အခြေအနေ  သုံးစွဲခွင့်အတွက်  ခွင့်ပြုချက် ပေးခဲ့သည်။
အားပျော့လာ 
အမေရိကန်အစိုးရသည်  နောက်ထပ် တစ်ကြိမ်  အပိုဆောင်း၍ကာကွယ်ဆေး ထိုးပေးရန် အစီအစဉ်ကို   ပြီးခဲ့သည့်လ အတွင်းမှ  စတင်ကာ  ကြေညာခဲ့သည်။ ကိုဗစ်- ၁၉ ကာကွယ်ဆေး၏   အစွမ်း ထက်မှုမှာ   အချိန်ကြာလာသည်နှင့်အမျှ အားပျော့လာသည်ဟု    ပြောသည်။ ပြီးခဲ့သည့်သီတင်းပတ်အတွင်း သက်ကြီး ရွယ်အိုများနှင့် ထိခိုက်လွယ်သည့် အုပ်စု များကို  တတိယအကြိမ် ကာကွယ်ဆေး ထိုးပေးရန်  ထောက်ခံချက်ပေးခဲ့သည်။ ထိခိုက်မှုများနိုင်သည့်    အုပ်စုထဲတွင် ကျန်းမာရေးလုပ်သားများလည်း ပါဝင် သည်။ 
ခွင့်ပြုချက်လျှောက်ထားလျက်ရှိ  
နောက်ထပ်အပိုဆောင်း၍   ထိုးပေး သောကာကွယ်ဆေးကို  ဒုတိယအကြိမ် ဖိုက်ဇာကာကွယ်ဆေးထိုးပြီး ခြောက်လ ရှိသူများကို   ထိုးပေးရန်  အက်ဖ်ဒီအေ က ပြောသည်။ 
အမေရိကန်ဆေးဝါးကုမ္ပဏီကြီးဖြစ် သည့်   မော်ဒါနာသည်လည်း     ၎င်းတို့ ထုတ်လုပ်သည့်   ကိုဗစ် -၁၉    ကာကွယ် ဆေးကို တတိယအကြိမ်   ထိုးပေးရာတွင် အသုံးပြုရန်   ခွင့်ပြုချက်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးပြတ်လပ်မှုနှင့် 
ကြုံတွေ့နေရ
ချမ်းသာသည့်နိုင်ငံများက  တတိယ အကြိမ်  ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုး ပေးရန်   ပြင်ဆင်နေချိန်    ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများတွင်  ကာကွယ်ဆေး ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။ 
သို့သော်လည်း    အခြားသူများကို အကူအညီပေးရန်     လုပ်ဆောင်နေစဉ်  မိမိနိုင်ငံအတွင်းမှ    ပြည်သူများအတွက် လည်း   ဂရုစိုက်ရမည်ဟု  အမေရိကန် အဆင့်မြင့်အရာရှိကြီးတစ်ဦးက သတင်း ထောက်များကို ပြောသည်။ စက်တင်ဘာ ၂၁ ရက်    ကုလသမဂ္ဂတွင်   အမေရိကန် သမ္မတ         မိန့်ခွန်းပြောကြားစဉ် တစ်ကမ္ဘာလုံးဆိုင်ရာ   ကိုဗစ် -  ၁၉ တုံ့ပြန်ရေးသို့  အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော်   ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဘိုင်ဒင်က   ကိုယ်စားလှယ်များကို  ပြော သည်။ 
ကာကွယ်ဆေးရရှိမှုတွင်ကွဲပြားမှုရှိ 
လုံခြုံစိတ်ချရပြီး    အစွမ်းထိရောက် မှုရှိသည့်   ကာကွယ်ဆေးကို အချိန်တို အတွင်း   ရရှိနိုင်ခဲ့သော်လည်း နိုင်ငံများ ကြားတွင်    ကာကွယ်ဆေးရရှိမှုပမာဏ မှာမူ  ကွဲပြားနေသည်။ 
တချို့သောနိုင်ငံများတွင်  လူဦးရေအများအပြားကိုကာကွယ်ဆေးထိုးပေးနိုင်သော်လည်း     အချို့နိုင်ငံများတွင်မူ ကာကွယ်ဆေးထိုးပေးမှုကို စတင်ရုံသာ ရှိနေသေးသည်။  
 အာဖရိကတွင်   ကာကွယ်ဆေးထိုးနိုင်ခွင့်ရှိသူအသက်အုပ်စု၏   ၃ ဒသမ ၆ ရာခိုင်နှုန်းကိုသာ   ကာကွယ်ဆေးထိုးရ သေးသော်လည်း အနောက် ဥရောပတွင် မူ   ပျမ်းမျှအားဖြင့် ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးထိုးပေးပြီးဖြစ်သည်။
လက်ခံတွေ့ဆုံ 
ကုလသမဂ္ဂအထွေထွေညီလာခံတွင် ကိုဗစ်- ၁၉  အစည်းအဝေးကို ကျင်းပခဲ့ ခြင်းဖြစ်ပြီး   အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင်နှင့် ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ် ဂရင်းဖီး တို့သည်    အခြားသော   ကျန်းမာရေး နယ်ပယ်နှင့် နိုင်ငံခြားခေါင်းဆောင်များ နှင့် လက်ခံတွေ့ဆုံခဲ့ကြသည်။ 
ထိုအထဲတွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို  ဂူတာ ရက်စ်၊    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အကြီးအကဲဖြစ်သူ    တက်ဒရို့စ်  အက်ဒ် ဟာနွန် ဂီဘရီယက်ဆု၊  ဗြိတိန်၊  ကနေဒါ၊ ဥရောပသမဂ္ဂ၊ အင်ဒိုနီးရှားနှင့် တောင် အာဖရိကနိုင်ငံများမှ   ခေါင်းဆောင်များ ပါဝင်သည်။ 
ရည်မှန်းချက်သုံးခု 
အမေရိကန်သည် ရည်မှန်းချက်သုံးခု အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု အရာရှိတစ်ဦးကပြောသည်။ 
အဆိုပါ         ရည်မှန်းချက်သုံးခုမှာ ကာကွယ်ဆေး     ထောက်ပံ့ပေးမှုကို တိုးမြှင့်ရန်၊    အောက်ဆီဂျင်ပြဿနာကို ဖြေရှင်းပြီး လူ့အသက်များကယ်တင်ရန် နှင့်   အကာအကွယ်ပြုလုပ်မှု၊ စမ်းသပ် မှုနှင့်   ဆေးဝါးထုတ်လုပ်မှုတို့ကို   ခွင့်ပြု ရန်ဖြစ်ပြီး     အနာဂတ်တွင်   ကြိုတင် ကာကွယ်ရေး        နည်းလမ်းများကို တိုးတက်စေရန်တို့ဖြစ်သည်။
အသက်ဆုံးရှုံးခဲ့ရ
တစ်ကမ္ဘာလုံးအနှံ့၌      ပြီးခဲ့သည့်ဩဂုတ်လနှောင်းပိုင်းတွင်   ကိုဗစ် -၁၉ ကူးစက်မှုများ      အများဆုံးဖြစ်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုမှာ လျင်လျင်မြန်မြန် ပျံ့နှံ့လျက်ရှိသည်။ 
အမေရိကန်ပြည်ထောင်စုတွင်လည်း ကူးစက်မှုများ  အလွန်များပြားသည်။ ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ   တစ်ကမ္ဘာလုံးအနှံ့  လူပေါင်း ၄ ဒသမ ၇ သန်းမှာ  ကိုဗစ် - ၁၉ ကြောင့် အသက်ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။  ။


ကိုးကား - အေအက်ဖ်ပီ၊ အင်န်အိတ်ချ်ကေ