ဖျန်ကြိုးပြင်ကာကွယ်တော သတ်မှတ်

 

ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံတော်အစိုးရ၊   သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး  ဝန်ကြီးဌာနသည် ၂၀၁၈  ခုနှစ်   သစ်တောဥပဒေ ပုဒ်မ-၆၊   ပုဒ်မခွဲ-(င)အရ   အပ်နှင်းထားသော  လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ မကွေးတိုင်းဒေသကြီး   ဂန့်ဂေါခရိုင်     ဆောမြို့နယ်အတွင်း   ကျရောက်နေ သည့်   ဧရိယာအကျယ်အဝန်း ၄၈၂၇ ဧကရှိသော  နယ်မြေကို  “ဖျန်ကြိုးပြင်  ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၂၈/၂၀၂၂)အရ ၁၃၈၄ ခုနှစ်၊   တော်သလင်းလဆန်း   ၁ ရက် ၂၀၂၂ ခုနှစ်   ဩဂုတ်လ ၂၆ ရက်မှစ၍ သတ်မှတ်ကြောင်း ကြေညာ လိုက်သည်။

 


ဖျန်ကြိုးပြင် ကာကွယ်တော  သတ်မှတ်သည့်   ဧရိယာ၏   အနီးပတ်ဝန်းကျင်ရှိ   ကျေးရွာများအသုံး ပြုနေသော     စိမ့်စမ်းရေများ၏   ရင်းမြစ်များကို      ထိန်းသိမ်းစောင့်ရှောက်ရန်၊      ဒေသခံပြည်သူများ ၏  အခြေခံလိုအပ်ချက်များကို   ဖြည့်ဆည်းပေးရန် နှင့်     ကျက်စားနေထိုင်လျက်ရှိသည့်   တောရိုင်း တိရစ္ဆာန်များအား    ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ   ထိန်းသိမ်းကာကွယ်ရန် ရည်ရွယ်၍      ကြိုးပြင်ကာကွယ်တောအဖြစ်  သတ်မှတ်ခြင်းဖြစ်ပါသည်။

 


ဖျန်ကြိုးပြင် ကာကွယ်တောအတွင်း ပျဉ်းကတိုး၊   ထောက်ကြံ့၊ အင်ကြင်း စသောအဖိုးတန်သစ်မျိုး များနှင့်   နဘဲ၊  ချဉ်ယုတ်၊  နှော၊ အင်၊ ဇောင်းပုလွေး စသောသစ်မျိုးများ    ပေါက်ရောက်ခြင်း၊    ဂျီ၊ တောကြောင်၊  တောဝက်စသော တိရစ္ဆာန်များနှင့်  ငုံး၊ ခါ၊ ရစ်၊ ချိုး စသည့် ငှက်မျိုးများ၊ ဖွတ်၊ ပုတက်၊ မြွေ  စသည့်တွားသွားသတ္တဝါများ၏  ကျက်စားရာ နေရာဒေသဖြစ်ခြင်း၊   ဥပဒေများနှင့်အညီ   စနစ် တကျ   ထိန်းသိမ်းစီမံအုပ်ချုပ်ရန် လိုအပ်ခြင်းတို့ ကြောင့်   ကြိုးပြင်ကာကွယ်တောအဖြစ်   သတ်မှတ် ကြေညာရခြင်းဖြစ်ပါသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန