ဖမ်းဆီးရမိ

 

စိန်ရတုလွတ်လပ်ရေးနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အပြစ်မဲ့ပြည်သူများစုဝေးသည့် နေရာများ၌ 
ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးရေးနှင့် လုပ်ကြံသတ်ဖြတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည့် 
တပ်ကုန်း PDF  အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များကို အချိန်မီကြိုတင်သတင်းလက်ဦးမှုရယူ ဖမ်းဆီးရမိ

 

နေပြည်တော်   ဇန်နဝါရီ   ၃


နိုင်ငံတော်အစိုးရမှ   အကြမ်းဖက် အုပ်စုအဖြစ်    ကြေညာထားသည့် NUG၊ CRPH  နှင့်  PDF အမည်ခံ အကြမ်းဖက်       အဖွဲ့များသည် ပြည်သူအတွက်ဟု           သုံးနှုန်း၍ ရဟန်းသံဃာများ၊  ဆရာ၊ ဆရာမ များအပါအဝင်    နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူများကို  ရက်စက် စွာ        လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများကို     ဥပဒေမဲ့ ကျူးလွန်လျက်ရှိသည်။    ထို့အပြင် PDF   အမည်ခံ   အကြမ်းဖက်အဖွဲ့ များသည်    လွတ်လပ်ရေးနေ့တွင် အပြစ်မဲ့ပြည်သူများအား ထိတ်လန့် ကြောက်ရွံ့စေရန်      နေပြည်တော် ကောင်စီ          နယ်မြေအတွင်း၌ အများပြည်သူများ  စုဝေးလျက်ရှိ သည့်နေရာများတွင်        ယုတ်မာ ရက်စက်သောအကြံဖြင့် ဖောက်ခွဲ ဖျက်ဆီးခြင်းများ  လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက် မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ၂၀၂၃ ခုနှစ်  ဇန်နဝါရီ  ၁ ရက်  နံနက်ပိုင်းတွင် နေပြည်တော်    ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာ ၌ တပ်ကုန်း PDF  အမည်ခံ အကြမ်း ဖက်အဖွဲ့နှင့် ဆက်သွယ်၍ အကြမ်း ဖက်လုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသော  ကျော်မျိုးသူ  အား  ဖမ်းဆီးရမိခဲ့သည်။ 

 


လက်လုပ်မိုင်း ၁၀ လုံး
သိမ်းဆည်းရမိ


ဖမ်းဆီးရမိ         တရားခံ ကျော်မျိုးသူ၏  ထွက်ဆိုချက်အရ ယင်းနေ့       မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ်        ဆည်ထိပ် ကျေးရွာရှိ     ဖမ်းဆီးရန်ကျန် တရားခံ လှမိုး(ခ)လှမိုးအောင်၏ နေအိမ်၌     ပစ္စတို တစ်လက်၊ ၎င်းကျည်အိမ် တစ်ခု၊     ကျည် ခြောက်တောင့်၊    PVC   ပိုက်ဖြင့် ပြုလုပ်ထားသည့်   လက်လုပ်မိုင်း ၁၀ လုံး၊    Keypad     ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ် သုံးခု၊ Keypad ဖုန်းတစ်လုံး၊ ရီမု တစ်ခုနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး   တရားခံပြေး လှမိုး   (ခ)   လှမိုးအောင်       အား တပ်ကုန်းမြို့နယ်       ဆည်ထိပ် ကျေးရွာနှင့်  ရွှေမြို့ကျေးရွာသွား လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့သည်။ 
ဖမ်းဆီးရမိတရားခံ လှမိုး(ခ)လှမိုးအောင်  ၏ထွက်ဆိုချက်အရ ယင်းနေ့ညပိုင်းတွင်    တပ်ကုန်း မြို့နယ်အတွင်းရှိ  လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏    လှုပ်ရှားမှုများအား စောင့်ကြည့်၍   သတင်းပေးပို့နေ သည့်     ကျော်ဆန်းအေး   (ခ)အရှည်ကြီး   အား     တပ်ကုန်း မြို့နယ်    မြို့နယ်ပြည်သူ့ဆေးရုံ (ခုတင်-၁၀၀) ရှေ့ရှိ   ဆိုင်ကယ် ကယ်ရီဂိတ်၌       ထပ်မံဖမ်းဆီး ရမိခဲ့သည်။  
ဖြစ်စဉ်တွင်  တရားခံ ကျား သုံးဦး ပစ္စတိုတစ်လက်၊ ၎င်းကျည် အိမ်တစ်ခု၊  ကျည်ခြောက်တောင့်၊ PVC ပိုက်ဖြင့်   ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၀ လုံး၊   Keypad ဖုန်းဖြင့် ချိတ်ဆက်ဖောက်ခွဲရသည့် ခလုတ်  သုံးခု၊     Keypad   ဖုန်း တစ်လုံး၊    ရီမုတစ်ခု၊    ဆက်စပ် ပစ္စည်းများနှင့်အတူ  ဖမ်းဆီးရမိခဲ့ သည်။ 

 


အကြမ်းဖက်သင်တန်းတက်


ဖမ်းဆီးရမိ     တရားခံများ၏ ထွက်ဆိုချက်အရ      ကျော်မျိုးသူ သည်  တပ်ကုန်း   PDF   အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်  ဖမ်းဆီးရန် ကျန် တရားခံ ဗညား(ခ)သီဟ ၏ ချိတ်ဆက်ပေးမှုဖြင့်    ၂၀၂၂  ခုနှစ် စက်တင်ဘာ     ၁၅    ရက်တွင် ဖယ်ခုံမြို့နယ်     ဆီးဘူးကျေးရွာ အနီး၌    အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း   တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ   သိမ်းဆည်းရမိ လက်နက်/ ခဲယမ်းနှင့်     ဖောက်ခွဲ ရေး          ဆက်စပ်ပစ္စည်းများအား တပ်ကုန်း PDF အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင်    ဗညား(ခ)သီဟ  သည်          ဖယ်ခုံမြို့နယ်ဘက်မှ ၎င်းတို့နှင့် ဆက်စပ်မှုရှိသည့် PDF အမည်ခံ   အကြမ်းဖက်အဖွဲ့ဝင် များထံမှ          ပေးပို့ခဲ့ခြင်းဖြစ်ပြီး ၎င်းပစ္စည်းများဖြင့်   လွတ်လပ်ရေး နေ့တွင်  အပြစ်မဲ့ပြည်သူများအား ထိတ်လန့်         ကြောက်ရွံ့စေရန် တပ်ကုန်းမြို့နယ်အတွင်း၌ အများ ပြည်သူများ   စုဝေးလျက်ရှိသည့် နေရာများတွင်   ယုတ်မာရက်စက် သောအကြံဖြင့်  ဖောက်ခွဲဖျက်ဆီး ခြင်းနှင့်   လုပ်ကြံသတ်ဖြတ်ခြင်း များ  လုပ်ဆောင်ရန်   ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း၊  အဆိုပါအကြမ်းဖက် တိုက်ခိုက်မည့်    အစီအစဉ်တွင် လှမိုး   (ခ)  လှမိုးအောင်   နှင့်  ကျော်မျိုးသူ   တို့မှ ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့်        လုပ်ကြံ သတ်ဖြတ်ခြင်း၊  ကျော်ဆန်းအေး (ခ)အရှည်ကြီးသည်    ဖောက်ခွဲ ရေးပြုလုပ်မည့်    နေရာများနှင့်လုံခြုံရေးအဖွဲ့ဝင်များ၏ လှုပ်ရှား ဆောင်ရွက်မှု   အခြေအနေများကို စောင့်ကြည့်ခြင်းအား    အသီးသီး တာဝန်ခွဲဝေပြုလုပ်သွားရန် စီစဉ် ထားရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။

 


အပြစ်မဲ့ပြည်သူများ သေကျေစေရန်


ဖမ်းဆီးရမိ    တရားခံများ၏ ထွက်ဆိုချက်အရ    ကျော်မျိုးသူ၊ လှမိုး    (ခ)   လှမိုးအောင်     နှင့် ကျော်ဆန်းအေး(ခ)အရှည်ကြီး တို့ သုံးဦးသည်    တပ်ကုန်း     PDF အမည်ခံ     အကြမ်းဖက်အဖွဲ့ဝင် ဗညား(ခ)သီဟ ၏ ခိုင်းစေမှုဖြင့် နေပြည်တော်    ကောင်စီနယ်မြေ အတွင်း     လွတ်လပ်ရေးနေ့တွင် အခမ်းအနား             ပြုလုပ်မည့် တပ်ကုန်းမြို့    ဗိုလ်ချုပ်ကြေးရုပ် နှင့်  လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်နေရာအား     လည်း ကောင်း၊          မြဝတီရပ်ကွက်ရှိ မြို့နယ်     အားကစားကွင်းနေရာ အား လည်းကောင်း၊    တပ်ကုန်း မြို့မဈေးပတ်ဝန်းကျင်နေရာအား လည်းကောင်း၊    ဗိုလ်မင်းရောင် ရပ်ကွက်ရှိ ဘူတာလမ်းနေရာအား လည်းကောင်း၊     တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ       (ခုတင်-၁၀၀)ရှေ့ဝင်ပေါက်နှင့်    မြောက်ဘက် ဝင်ပေါက်နေရာများအား    လည်း ကောင်း၊ ပေါက်ကွဲမှုဖြစ်ပွားပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ       လာ ရောက်မည့်  နွယ်ရစ်ကျေးရွာအဝင် တံတားထိပ်နေရာအား    လည်း ကောင်း၊          လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်  ပျော်ပွဲရွှင်ပွဲ ပြုလုပ်မည့် လူစည်ကားရာနေရာ များအား  ယုတ်မာရက်စက်သော အကြံဖြင့်      အပြစ်မဲ့ပြည်သူများ သေကျေပျက်စီးစေရန်   ရည်ရွယ် လျက်    ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ    ဆောင်ရွက်ရန် စီစဉ်နေမှုအား     အကြမ်းဖက်မှုကို မလိုလားသော  တာဝန်သိပြည်သူ များ၏          သတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏    ကွက် ပြည့်နင်းရှာဖွေ  စစ်ဆေးဖော်ထုတ်
မှုတို့ကြောင့်      အကြမ်းဖက်သမား များ          ဖောက်ခွဲဖျက်ဆီးရေး မဆောင်ရွက်နိုင်မီ          အချိန်မီ ကြိုတင်သတင်း   လက်ဦးမှု   ရယူ ကာ   ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 


သို့ဖြစ်ပါ၍         ဖမ်းဆီးရမိ တရားခံများအား     ဥပဒေအရ ထိရောက်စွာ     အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊     အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့်     ဆက်စပ် တရားခံများအား    အမြန်ဆုံး ဆက်လက်     ဖမ်းဆီးရမိရေး အတွက်    ၎င်းတို့ပုန်းခိုရာနေရာ များ၊    လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက   သက်ဆိုင်ရာ သို့     လျှို့ဝှက်စွာ    သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊   သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ  လျှို့ဝှက်၍ ဆုငွေ များ ချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက်    ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန်   မေတ္တာရပ်ခံ အပ်ပါကြောင်း   သိရသည်။


သတင်းစဉ်