ဖိုက်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို တတိယအကြိမ် ထိုးပေးရန် စီဒီစီထောက်ခံချက်ပေး

 

ဝါရှင်တန်  စက်တင်ဘာ  ၂၅


အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ(စီဒီစီ) က ဖိုက်ဇာ -ဘိုင်ရွန်တက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို တတိယအကြိမ်အဖြစ်အချို့သောလူများတွင်   ထိုးပေးရန်   ခွင့်ပြုချက်ပေးခဲ့သည်။ အဆိုပါခွင့်ပြုချက်ကို   စီဒီစီမှ    ဒါရိုက်တာ ရိုရှဲလီ ဝေလ်လန်စကီးက   စက်တင်ဘာ   ၂၄  ရက်တွင်  ကြေညာခဲ့သည်။ 


ကျန်းမာရေးအာဏာပိုင်များက  ဒုတိယအကြိမ် ဖိုက်ဇာကာကွယ်ဆေးထိုးပြီး ခြောက်လရှိသူများကို သာ   တတိယအကြိမ်   ကာကွယ်ဆေးထိုးပေးရန်  ခွင့်ပြုချက်ပေးခဲ့သည်။ အသက် ၆၅ နှစ်နှင့်အထက် များ အသက် ၅၀ မှ ၆၄ နှစ်ကြား ဆေးဘက်ဆိုင်ရာအကူအညီလိုအပ်ချက်ရှိနေသူများကိုသာ       တတိယ အကြိမ် ကာကွယ်ဆေးထိုးပေးရန်  ထောက်ခံပေး ထားသည်။ 


အသက် ၁၈ နှစ်မှ ၄၉ နှစ်ကြား ဆေးဘက်ဆိုင်ရာ အကူအညီလိုအပ်သူများနှင့် အသက် ၁၈ နှစ်မှ ၆၄ နှစ်ကြား ရောဂါဆိုးဆိုးရွားရွား ကူးစက်ခံရဖွယ်ရှိသော သူများကိုလည်း တတိယအကြိမ် ကာကွယ်ဆေးထိုး ပေးနိုင်သည်ဟု  ထောက်ခံချက်ပေးထားသည်။ 
ကပ်ရောဂါတိုက်ဖျက်ရေးအတွက်    မသေချာ မရေရာမှုများရှိနေသော်လည်း     စီဒီစီအနေဖြင့် အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောကြားခဲ့သည်။ 
မော်ဒါနာနှင့်  ဂျွန်ဆင် အင်န် ဂျွန်ဆင် ကာကွယ် ဆေးတို့ကိုလည်း     အပိုဆောင်းထိုးပေးရာတွင် ခွင့်ပြုချက်ပေးနိုင်ရေးအတွက် အချက်အလက်များကို ဆွေးနွေးမှုများ    ပြုလုပ်နေသည်ဟု   ကျန်းမာရေး ဆိုင်ရာပညာရှင်များက ပြောသည်။

 အင်န်အိတ်ချ်ကေ