ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်- ၁၉ စာရင်း ဓာတ်ခွဲခန်းငါးခန်းမှ အချက်အလက်များပေးပို့ရန် ပျက်ကွက်


 

မနီလာ အောက်တိုဘာ ၂၆


ဖိလစ်ပိုင်နိုင်ငံတွင် အောက်တိုဘာ၂၆ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၄၃၉၃ဦး တိုးလာပြီးနောက် နိုင်ငံအတွင်းကိုဗစ်-၁၉ ကူးစက်သူပေါင်း ၂၇၆၅၆၇၂ ဦး အထိရှိ လာခဲ့ကြောင်း  ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၁၃၅ ဦး ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံးသူပေါင်း ၄၂၀၇၇ ဦးအထိရှိလာခဲ့သည်။  ယနေ့ ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်း ခဲ့ပြီး    ကိုဗစ်-၁၉    ကူးစက်မှုလျော့နည်းခြင်းသည်    ယမန်နေ့က   ဓာတ်ခွဲခန်းများ ၏  ကိုဗစ်-၁၉  စာရင်းပေးပို့မှု နည်းခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် ဓာတ်ခွဲခန်း ငါးခန်းမှ အချက်အလက်များပေးပို့ရန် ပျက်ကွက်ခဲ့ကြောင်း ဒီအိုအိတ်ချ်က  ဖော်ပြခဲ့ သည်။ 
ဒေသတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ကျဆင်းလာသောကြောင့် မြို့တော် မနီလာတွင်လည်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှုန်း    အကျဘက်သို့ ရှိလာခဲ့သည်။  နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုသည် စက်တင်ဘာ ၁၁ ရက်က   ၂၆၃၀၃ ဦးဖြင့် အမြင့် ဆုံးဖြစ်ခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီး သူ ပေါင်း    ၂၁ သန်းကျော်လွန်  ရှိလာပြီဖြစ်သည်။                                                                             
ဆင်ဟွာ