ဖိလစ်ပိုင်နိုင်ငံက Black Hawk ရဟတ်ယာဉ်သစ် ၃၂ စင်း ဝယ်ယူမည်

မနီလာ    ဇန်နဝါရီ    ၁၆


ဖိလစ်ပိုင်နိုင်ငံသည်    သက်တမ်း ကြာမြင့်နေပြီဖြစ်သော      စစ်လက်နက် စွမ်းပကားကို      အဆင့်မြှင့်တင်ရန် အင်ဂျင်စက်နှစ်လုံး တပ်ဆင်ထားသည့် Black Hawk အမျိုးအစား ရဟတ်ယာဉ် သစ်  ၃၂ စင်းကို  ဝယ်ယူမည်ဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ယနေ့ ပြောကြားသည်။
ဖိလစ်ပိုင်အစိုးရသည်   အမေရိကန် ပြည်ထောင်စုက     အသုံးပြုခဲ့သည့် ဗီယက်နမ် စစ်ပွဲကာလရဟတ်ယာဉ်များ နှင့် ဒုတိယကမ္ဘာစစ်ကာလ စစ်သင်္ဘော များကို အဆင့်မြှင့်တင်ရန် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ကြိုးပမ်းလုပ်ဆောင် ခဲ့သည်။


ပိုလန်နိုင်ငံအခြေစိုက် အမေရိကန် ကာကွယ်ရေးစက်ရုံဖြစ်သည့်  လော့ခ် ဟိမာတင်က  ပိုင်ဆိုင်သော  ကာကွယ်  ရေးကုမ္ပဏီတစ်ခုမှ    ထုတ်လုပ်သည့် S-70i Black Hawk      အမျိုးအစား ရဟတ်ယာဉ်  ၃၂  စင်းအနက်   ပထမ အသုတ် ရဟတ်ယာဉ်များသည် လာမည့် နှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိလာ မည်ဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေး ဝန်ကြီး ဒယ်လ်ဖင်လိုရင်ဇာနာက ၎င်း၏  တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ရေးသားဖော်ပြထားသည်။
အဆိုပါ       ရဟတ်ယာဉ်များသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ နှင့် သဘာဝဘေးဒဏ်တုံ့ပြန်ရေးအတွက် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြား သည်။


ဖိလစ်ပိုင်အစိုးရသည်  လေတပ်၏ Bell UH-1H အမျိုးအစား ရဟတ်ယာဉ် ပျက်ကျခဲ့ပြီးနောက် ယင်းလေယာဉ်အုပ်စု နေရာတွင် အစားထိုးလဲလှယ်ရန် S-70i Black Hawk ရဟတ်ယာဉ် ၁၆ စင်းကို ဝယ်ယူရန်   ယမန်နှစ်က   မှာယူခဲ့ပြီး ယင်းတို့အနက် လေယာဉ်အများအပြား ကို ဖိလစ်ပိုင်၏ ရေရှည်စစ်ဘက် မဟာ မိတ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စု ထံမှ ရရှိခဲ့ကြောင်း သိရသည်။


ဖိလစ်ပိုင်လေတပ်၏   လေ့ကျင့်မှု တစ်ရပ်ပြုလုပ်စဉ်    S-70i အမျိုးအစား      ရဟတ်ယာဉ်တစ်စင်း      ပျက်ကျပြီး  လူခြောက်ဦး      သေဆုံးခဲ့ပြီးနောက် ယမန်နှစ်ဇွန်လက Black Hawk ရဟတ် ယာဉ်အားလုံးကို     ပျံသန်းခွင့်ရပ်ဆိုင်း လိုက်သည်။


ထို့အပြင်           ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၇၅ သန်းဖြင့် အိန္ဒိယ ထုတ် သင်္ဘောဖျက်ဒုံးကျည်စနစ်တစ်ခု ဝယ်ယူမည်ဖြစ်ပြီး  ယင်းဒုံးကျည်စနစ် သည် ဖိလစ်ပိုင်၏ ကာကွယ်ရေးစွမ်းပကား ကို တိုးမြှင့်စေမည်ဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီးလိုရင်ဇာက ဇန်နဝါရီ ၁၄ ရက် တွင် ကြေညာခဲ့သည်။
ဖိလစ်ပိုင်အစိုးရသည်     တောင် ကိုရီးယားနိုင်ငံ၏ ဟွန်ဒိုင်းအကြီးစား စက်မှုလုပ်ငန်းမှ စစ်သင်္ဘောသစ်နှစ်စင်း မှာယူခဲ့ကြောင်း သိရသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ