
မနီလာ ဖေဖော်ဝါရီ ၁
ဖိလစ်ပိုင်နိုင်ငံ မနီလာတောင်ပိုင်း လာဂူနာပြည်နယ်ရှိ အသေးစားမီးရှူးမီးပန်းစက်ရုံတစ်ရုံ၌ ဖေဖော်ဝါရီ ၁ ရက်က မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး ခြောက်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့က ပြောကြား သည်။
မီးလောင်ပေါက်ကွဲမှုသည် လာဂူနာပြည်နယ် ကာဘူရိုမြို့၌ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားရာ၌ လူနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများမှာလည်း စိုးရိမ်ရသောအခြေအနေ တွင်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အခြားစက်ရုံများနှင့် လူနေအိမ်များကို မီးကူး စက်လောင်ကျွမ်းမှုမရှိစေရန် ကာကွယ်သည့်အနေ ဖြင့် မီးလောင်မှုဖြစ်ပွားပြီး နှစ်နာရီကြာပြီးနောက် မီးသတ်သမားများက မီးကိုငြှိမ်းသတ်နိုင်ခဲ့သည်။
မီးသည်စက်ရုံကို မဝါးမျိုမီ ကျယ်လောင်သည့် မီးလောင်ပေါက်ကွဲသံများကို ကြားရကြောင်း မျက်မြင် သက်သေများက ပြောသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြော သည်။
ဆင်ဟွာ