ဖိလစ်ပိုင်လေတပ်မှ လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျမှုဖြစ်ပွား၊ နှစ်ဦးသေဆုံးဟုဆို

 

မနီလာ    ဇန်နဝါရီ    ၂၅
ဖိလစ်ပိုင်လေတပ်မှ    လေယာဉ် တစ်စင်းသည် ဇန်နဝါရီ ၂၅ ရက် က လေ့ကျင့်ပျံသန်းနေစဉ်အတွင်း  ဘာတန်းပြည်နယ်၌    ပျက်ကျခဲ့ ကြောင်း စစ်တပ်ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောသည်။ 
လေယာဉ်မှူး နှစ်ဦး လိုက်ပါ လာသော    SF-260     လေယာဉ် တစ်စင်းသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၃၄ မိနစ်ဝန်းကျင် တွင်  မနီလာမြို့ အနောက်ဘက် ဘာတန်းပြည်နယ်တွင် ပျက်ကျ ခဲ့ခြင်းဖြစ်ကြောင်း       ဖိလစ်ပိုင်  လေတပ်မှ   ပြောရေးဆိုခွင့်ရှိသူ  ကွန်ဆူးလို   ကက်စတီလ်လိုက ပြောသည်။   အဆိုပါ   ပျက်ကျ လေယာဉ်သည် ဒေသစံတော်ချိန် နံနက်  ၉  နာရီ  ၅၉  မိနစ်တွင် ကာဗီတီပြည်နယ်ရှိ စစ်အခြေစိုက် စခန်းတစ်ခုမှ ပျံတက်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။ 
ဒေသဆိုင်ရာ DZBB ရေဒီယို က ဘာတန်းပြည်နယ် ပီလာမြို့ တွင်    လေယာဉ်မှူး    နှစ်ဦး၏ အလောင်းနှင့်အတူ    လေယာဉ် အပျက်အစီးကို တွေ့ရှိခဲ့ကြောင်း ပြောသည်။                   ဆင်ဟွာ