
နေပြည်တော် နိုဝင်ဘာ ၂၅
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေးအစီအစဉ်များကို တင်ဆက် လျက်ရှိရာ “ဖေဖေတို့ အငြိမ့်” ဖျော်ဖြေပွဲကို နိုဝင်ဘာ ၂၇ရက်၊ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို လူရွှင် တော် ဒိန်းဒေါင်က စီစဉ်ပြီး ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့ ၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင် မင်းသမီး ကျားလေးစိန်၊ ရှေ့ထွက် မင်းသမီး လဝန်းမေ၊ လူရွှင်တော် များဖြစ်ကြသည့် စံမိုး၊ တိမ်ညွန့်၊ ဥဩနှင့် မိုးကျော်တို့က ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို ဒီဇင်ဘာ (၁) ရက်၊ မွန်းလွဲပိုင်း National News အစီအစဉ် အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်