ဖျာပုံမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

 

ဖျာပုံ   နိုဝင်ဘာ   ၄


ဧရာ၀တီတိုင်းဒေသကြီး    ဖျာပုံ မြို့နယ်တွင်   ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ “လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြ စို့”   ဆောင်ပုဒ်နှင့်အညီ နိုဝင်ဘာ  ၄    ရက်   နံနက်   ၉  နာရီက ဖျာပုံမြို့နယ်         ကိုးအိမ်တန်း  ကျေးရွာအုပ်စု    မူ​ကြို​ကျောင်းတွင် အိမ်ထောင်စု     လူဦးရေစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး      ကွင်းဆင်း ဆောင်ရွက်ပေးကြောင်း       သိရ သည်။

 


ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်    လူဝင်မှုကြီးကြပ်ရေး  နှင့်    ပြည်သူ့အင်အားဝန်ကြီး ဌာန မြို့နယ်ဦးစီးမှူးရုံးမှ   ဦးစီး မှူး ဦးဇော်လွင်၏   ကြီးကြပ်မှု ဖြင့်  လဝကမှူး ဦးကျော်ထက်ခိုင် က ဦးဆောင်ကာ  ဝန်ထမ်းများ ပူးပေါင်း၍ ကိုးအိမ်တန်းကျေးရွာ အုပ်စုရှိ   ကျေးရွာနေ  ပြည်သူ အသက်  (၁၆)နှစ်ပြည့်အထက် ၂၁ ဦး၊ အသက်(၁၈)နှစ်နှင့်အထက် ၄၂ ဦးတို့အား     နိုင်ငံသားစိစစ် ရေး ကတ်ပြား​ဆောင်ရွက်နိုင်ခဲ့ပြီး လဲလှယ်ရှစ်ခု၊ မိတ္တူ ၂၇  စုစုပေါင်း ၉၈ ဦး ဆောင်ရွက်ပေးခဲ့သည်။

 


ဖျာပုံမြို့နယ်အတွင်း၌ ပန်းခင်း စီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း ၆၀၀၀  ကျော် ​ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း ​ဖျာပုံမြို့နယ်လဝက ဦးစီးမှူးရုံးမှ သိရသည်။    

ဘုန်းမောင်မောင်