ပေါ်တူဂီနိုင်ငံ၌ မီးဘေးအန္တရာယ်သတိပေးချက် ဆက်လက်ထုတ်ပြန်

 

လစ္စဘွန်း  ဩဂုတ်  ၂၀


ပေါ်တူဂီနိုင်ငံသည်            လက်ရှိ မိုးလေဝသ         အခြေအနေနှင့် သဘာဝပတ်ဝန်းကျင် အခြေအနေ အရ ဩဂုတ် ၂၁ ရက်မှ စတင်ကာ မီးဘေးအန္တရာယ် သတိပေးချက် ကို         ဆက်လက်ထုတ်ပြန်လိုက် ကြောင်း   ဩဂုတ်  ၁၉  ရက်က ပြည်ထဲရေးဝန်ကြီး   ဂျို့စ်လူးဝစ် ကာနေးယိုက ပြောသည်။ 

 


အဆိုပါ မီးဘေးအန္တရာယ် သတိပေးချက်သည်     ဩဂုတ်  ၂၃ ရက်အထိ       ကြာမြင့်မည်ဖြစ်ပြီး ပေါ်တူဂီ       ပြည်မကြီးတစ်ခုလုံး သက်ရောက်မည်        ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ထို့အပြင် ပေါ်တူဂီနိုင်ငံ          အနှံ့အပြားတွင် ဩဂုတ်  ၂၁     ရက်မှ  စတင်ကာ  အပူလှိုင်းဖြတ်မှု ကျရောက်နိုင်ပြီး အပူချိန်သည် ၄၀  ဒီဂရီဆဲလ်စီး ယပ်စ်သို့         ထပ်မံရောက်ရှိနိုင် ကြောင်း သိရသည်။ 

 


ထိုကဲ့သို့သော    အခြေအနေ များတွင်       ပေါ်တူဂီနိုင်ငံသည် ပြည်သူများ၏   အသက်အိုးအိမ် စည်းစိမ်ကို         ကာကွယ်စောင့် ရှောက်ရန်အတွက် မီးသတ် တပ်ဖွဲ့ဝင်များကအစ      ဒေသခံ ပြည်သူများအထိ   လူတိုင်းနီးပါး အစွမ်းကုန်  ကြိုးစားလုပ်ဆောင် လျက်ရှိကြောင်း            ၎င်းက    ဆက်ပြောသည်။  

 


ပေါ်တူဂီနိုင်ငံသည်    မကြာ သေးမီနှစ်များက     အဆိုးရွားဆုံး ရာသီဥတု    အကျပ်အတည်းများ ထဲမှ တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရ ပြီး အကျိုးရလဒ်အနေဖြင့် ယခုနှစ် အစပိုင်းကတည်းက   မီးလောင် မှုကြောင့်   မြေ  ၈၄၀၀၀ ဟက်တာ  မီးလောင်မှု    ဖြစ်ပေါ်ခဲ့ကြောင်း   သိရသည်။   အဆိုပါ    မီးလောင်မှု          ပမာဏသည်   နိုင်ငံ၏     ပိုင်နက် နယ်မြေ      တစ်ရာခိုင်နှုန်းနှင့်         ညီမျှကြောင်း    ဥရောပတောမီး  သတင်းအချက်အလက်   စနစ်၏     ထုတ်ပြန်ချက်အရ   သိရသည်။                                                                                                                                 
ဆင်ဟွာ