
နေပြည်တော် အောက်တိုဘာ ၂၂
အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထား သော NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာ နေထိုင်လျက်ရှိ သည့် ပြည်သူလူထုများအား ကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ အဖျက် အမှောင့်လုပ်ရပ်များကို ရည်ရွယ် ချက်ရှိရှိဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် မကျီးတုံကျေးရွာ အတွင်းသို့ Drone ယာဉ်များ အသုံးပြု၍ Drop Bomb များဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
Drone ယာဉ် နှစ်စင်းအသုံးပြု
ဖြစ်စဉ်မှာ မကျီးတုံကျေးရွာ အတွင်းသို့ ယနေ့ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် PDF အမည်ခံ အကြမ်း ဖက်သမားများက Drone ယာဉ် နှစ်စင်းအသုံးပြု၍ Drop Bomb ခြောက်လုံးကို ဖြုတ်ချဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခြင်းကြောင့် ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခွဲအတွင်းရှိ စာသင် ကျောင်းပေါ်သို့ လက်လုပ်ဗုံး တစ် လုံး၊ စာသင်ကျောင်းဆောင်၏ အရှေ့တန်းစီကွင်းနှင့် စာသင် ကျောင်း၏မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ လယ်ကွင်းအတွင်း တို့သို့ Drop Bomb များ ကျရောက် ပေါက်ကွဲခဲ့ပြီး အဆိုပါ ပတ်ဝန်း ကျင်တစ်ဝိုက်တွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံ ရေး တပ်ဖွဲ့ဝင်များ၏ ပြန်လည် ပစ်ခတ်မှုကြောင့် Drone ယာဉ် နှစ်စင်းသည် အနောက်ဘက်သို့ ဆုတ်ခွာပျံသန်းသွားခဲ့သည်။
ထိခိုက်ပျက်စီးဆုံးရှုံး
ဖြစ်စဉ်တွင် လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ပင်မ ကျောင်းဆောင်၏ အမိုးသွပ်များ၊ မျက်နှာကြက်နှင့် ကျောင်းသုံး ဗီရိုတို့ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ သည်။ ထိုသို့ ကျေးရွာအတွင်း Drop Bomb များဖြင့် ရမ်းသန်း ဖြုတ်ချ တိုက်ခိုက်ခဲ့သော PDF အမည်ခံ အကြမ်းဖက်သမားများ အား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ စစ်ဆေး ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်