ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

 

ဟိုပုံး   သြဂုတ်   ၅


ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊  တပ်မတော်ကွန်ပျူတာ နှင့် နည်းပညာသိပ္ပံ (ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ   စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် သြဂုတ် ၅ ရက် နံနက် ၈ နာရီက  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့  လွယ်အွန့်ကျေးရွာအုပ်စု ညောင်ဖြူကျေးရွာ တွင် ဦးကျော်စိုး မွေးမြူထားသော အသားတိုးဝက်ကောင်ရေ ၂၀၀ မွေးထားသည့် ခြံ၊   ဥစားကြက်ခြံ၊  မီးမလွတ် ကြက်သားပေါက်ခြံနှင့် အစာစပ်စက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍     ပြည်နယ် ဝန်ကြီးချုပ်နှင့်      အဖွဲ့သည် တောင်သူ  ခွန်ဇော်ဌေး  စိုက်ပျိုး ထားသော SR-456 မျိုး စိုက်ပျိုး ထားရှိမှုအခြေအနေကို  ကြည့်ရှု ပြီး တောင်သူများအား ဓာတ်မြေ သြဇာများ   ထောက်ပံ့ပေးအပ် သည်။


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ     ဟိုပုံးမြို့ ပေါင်လင်းကျေးရွာအုပ်စု   ဟဲလုံ ကျေးရွာ၊ ဟိုပုံး-ဆီဆိုင် သွားကား လမ်းဘေးတွင် တောင်သူဦးတရှုပ် မှ  စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသော (5923) မျိုး၊  အစေ့ထုတ် ပြောင်းခြံအား သွားရောက်ကြည့်ရှု ကြပြီး  ပြောင်းစိုက်  တောင်သူ များကို    ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဓာတ်မြေသြဇာ များ   ထောက်ပံ့ပေးအပ်၍    ဟိုပုံး  မြို့တောင်ရပ်ကွက်ရှိ   နောင်ဘို ရေကန်အား  သွားရောက်ကြည့်ရှု စစ်ဆေးသည်။ အဆိုပါ  ရေကန် သည် ပြည်သူများက သုံးရေအဖြစ် အသုံးပြုကြသည့် ကန်ဖြစ်သည်။


၎င်းနောက်   ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  ဦးစီးရုံးတွင် နှစ်ပတ် တစ်ကြိမ် ဟိုပုံးတပ်နယ်မှ ဝန်ထမ်းများအတွက် ကြက်သား၊ ကြက်ဥ၊ ဝက်သား၊ နွားနို့၊ ဒိန်ချဉ်၊ ဟင်းသီးဟင်းရွက်နှင့်    အသား စည်သွတ်ဘူး၊  တပ်မတော်အသုံး အဆောင်ပစ္စည်းများ ရောင်းချပေး နေမှုကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက      ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)