ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဟိုပုံးမြို့၌ အခြေခံစက်ချုပ် သင်တန်းဆင်းပွဲ ကျင်းပ

 

ဟိုပုံး   ဩဂုတ်   ၂၅


ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဟိုပုံးမြို့နယ်၌   ရှမ်းပြည်နယ် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ   အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ဖွင့်လှစ်သော   အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ဩဂုတ်  ၂၄  ရက်က   နောင်တောင်းပရဟိတ တပ်ဦးကျောင်း၌ ပြုလုပ်သည်။

 


သင်တန်းဆင်းပွဲတွင် ကော်မတီအတွင်းရေးမှူး ပြည်နယ်  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှူး ဒေါ်ခင်မာအေးက     အမှာစကား      ပြောကြားပြီး   သင်တန်းတွင်  ဆုရရှိသော သင်တန်းသူ သုံးဦးအား ဆုများနှင့်   သင်တန်းသူ   ၂၀   အား   သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊  သင်တန်းသူ   ၂၀ အတွက်   အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း ပေးအပ်ခဲ့သည်။ 

 


အဆိုပါသင်တန်းကို     ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပရောက်ရှိနေသော  အသက် ၁၆ နှစ်မှ အသက် ၁၈ နှစ်ကြား လူငယ်များအား မိသားစုများ အတွက်    သင့်တော်ကောင်းမွန်သော   အသက်မွေး ဝမ်းကျောင်းအလုပ်အကိုင် အခွင့်အလမ်းများရရှိစေ ရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဘဏ္ဍာ ငွေထောက်ပံ့မှုဖြင့် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၂၄ ရက်အထိ တစ်လတာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။


 ပအိုဝ်းဒေသ (ပြန်/ဆက်)