
ပဲခူး စက်တင်ဘာ ၁
၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဩဂုတ် ၃၁ ရက် ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပသည်။
ဦးစွာ ပဲခူးခရိုင်အသင်းနှင့် တောင်ငူခရိုင်အသင်း တို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြရာ တောင်ငူ ခရိုင်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲ သည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပရာ ပွဲစဉ်တစ်လျှောက် ဂိုးသမား၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် အကောင်းဆုံး ဘောလုံး သမားဆုရရှိကြသော အားကစားသမားများကို တိုင်း ဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများက ဆုတံဆိပ် နှင့် ငွေသားဆု တစ်သိန်းစီ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က ဒုတိယဆုရရှိသော ပဲခူးခရိုင် အသင်းကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေကျပ် ခုနစ် သိန်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်းက ပွဲစဉ်တစ်လျှောက် ကူညီ ဆောင်ရွက်ပေးကြသည့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုငွေကျပ် သုံးသိန်း၊ ကြက်ခြေနီတပ်ဖွဲ့အတွက် ချီးမြှင့်ငွေကျပ် တစ်သိန်းငါးသောင်းနှင့် ပထမဆု ရရှိသော တောင်ငူခရိုင်အသင်းကို တစ်ဦးချင်း ဆုတံဆိပ်၊ ပထမဆု ဖလားနှင့် ငွေသားဆု ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်ကြသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင် ပေါင်းစုံ အသက် ၁၆ နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကို ပဲခူးမြို့ ဟံသာဝတီယူနိုက်တက် ဘောလုံး အားကစားကွင်း၌ သြဂုတ် ၂၅ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ပြီး ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင် ကိုယ်စားပြု အသင်းလေးသင်း ပါဝင်ယှဉ်ပြိုင်ကစား ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်